Published
Tuesday, May 07, 2024
မူဆယ်မှာ နယ်စပ်ဖြတ်သန်းသွားလာခွင့်စာအုပ်လုပ်ဆောင်ဖို့ တစ်ယောက်ကို ကျပ်သိန်း ၃၀ ကနေ ၅၀ အထိပေးဆောင်ရ
- ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တရုတ်-မြန်မာနယ်စပ် ဖြတ်သန်းသွားလာခွင့်စာအုပ်လုပ်ဆောင်ဖို့ တစ်ယောက်ကို ကျပ်သိန်း ၃၀ ကနေ ၅၀ အထိပေးဆောင်ရတယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ ပြောင်းဈေးတွေကျဆင်းနေတာကြောင့် ပြောင်းစိုက်ပြည်သူတွေ အမြတ်အစွန်းမရရှိဘူးလို့ ဆိုပါတယ်။
- ကင်ပွန်းရွက်နုလေးတွေကို ငါးနဲ့ရောပြီး ရှမ်းရိုးရာငါးကင်ပွန်းချဉ်ဟင်းရည် ချက်ပြုတ်တဲ့အကြောင်းကိုလည်း သျှမ်းသံတော်ဆင့်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။