Published
Saturday, May 04, 2024
ဝိုင်းမော်မြို့နယ် ၀ူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွား၊ တိုက်ပွဲနယ်မြေထဲကပြည်သူအားလုံး စစ်ရှောင်
- ဝိုင်းမော်မြို့နယ် ၀ူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေထဲကပြည်သူအားလုံး စစ်ရှောင်နေကြရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့်တပ် MNDAA က အပြစ်မဲ့ ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
- ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ပညာရေးဌာနရဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ၁၀ တန်းစာမေးပွဲအောင်ချက်မှာ ၆၀ ရာခိုင်နှုန်းရှိပြီး စာမေးပွဲကျတဲ့သူတွေကိုလည်း ကုစားစနစ်နဲ့ ဖြေဆိုခွင့်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။