Published
Monday, April 22, 2024
စစ်တွေမြို့ပေါ်မှာ စားနပ်ရိက္ခာပြတ်တောက်နေပြီး ဆန်တစ်ပြည်ကို ကျပ်တစ်သောင်းအထိ ပေးဝယ်နေကြရ
- ရမ်းဗြဲကျွန်းပေါ်က စနဲမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
- ဘူးသီးတောင်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေရဲ့ နေအိမ်အပါအဝင် နေအိမ် ၅၀ ခန့် မီးရှို့ခံခဲ့ရပါတယ်။
- စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့ စစ်တွေမြို့ပေါ်မှာ စားနပ်ရိက္ခာပြတ်တောက်နေပြီး ဆန်တစ်ပြည်ကို ကျပ်တစ်သောင်းအထိ ပေးဝယ်နေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။