Published
Tuesday, April 09, 2024
လဲချား-တောင်ကြီးဘက်က ယာဉ်လိုင်းတွေရပ်နားရတဲ့အပြင် တချို့ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတွေမရှိ
- ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့မှာ ၂ လကျော်ကြာ တိုက်ပွဲတွေငြိမ်သက်နေပေမယ့် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကိုစိုးရိမ်ပြီး ဒေသခံပြည်သူတွေ နေအိမ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။
- စစ်ကောင်စီတပ်က လမ်းခရီးတွေမှာ စစ်ဆေးမှုတင်းကျပ်လာတာကြောင့် ခရီးသည်တွေနည်းပါးလာတဲ့အတွက် လဲချား-တောင်ကြီးဘက်က ယာဉ်လိုင်းတွေရပ်နားရတဲ့အပြင် တချို့ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတွေမရှိဘူးလို့ ဆိုပါတယ်။
-ရှမ်းလူမျိုးတွေဟာ ဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေကို ပြုလုပ်တတ်ကြပါတယ်။ အဲဒီအထဲက ဝါးဖျာရက်လုပ်တဲ့အကြောင်းကိုလည်း သျှမ်းသံတော်ဆင့်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။