- ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ စစ်မှုမထမ်းမနေရဥပဒေအရ စစ်သားစုဆောင်းပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၅ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF -Zoland က ဖမ်းဆီးလိုက်ပါတယ်။
- ရက္ခိုင့်တပ်တော် ULA/AA အနေနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်မှာ အုပ်ချုပ်ရေးအစီအမံတွေ ဖော်ဆောင်ရာမှာ ဒေသခံချင်းတိုင်းရင်းသားလူမျိုးတွေအတွက် မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ပေါ်စေရေး အထူးဂရုပြုစေလိုတယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ (IKACC)က ပြောပါတယ်။
- ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီးနောက် စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။