TNLA ထိန်းချုပ်ထားသည့် မြို့သုံးခု မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာ

TNLA ထိန်းချုပ်ထားသည့် မြို့သုံးခု မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မြို့နယ် ၃ မြို့နယ်ကို စစ်ကောင်စီက ယနေ့ (မတ်လ ၄ ရက် ) ည ၈ နာရီတွင် စစ်အုပ်ချုပ်ရေးကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက TNLA တို့ သိမ်းဆည်းထားသည့် မန်တုံ၊နမ္မတူ နှင့် နမ့်ဆန် မြို့တို့ကို စစ်အုပ်ချုပ်ရေး အမိန်ထုတ်ပြန်ခဲ့ပြီး ထိုမြို့နယ် ၃ မြို့နယ်၏ လုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး၊နယ်မြေအေးချမ်းရေး ကို ပိုမိုဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။

ထို  မြို့နယ် ၃ မြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်း၏ အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေ‌သော အရာများကို အခြေအနေအရပ်ရပ် နှင့် စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာကို ကျင့် သုံးနိုင်ကြောင်းထုပ်ပြန်ချက်တွင် ရေးသားထားသည်။

Most read this week

October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...
October 9, 2024
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁...
October 8, 2024
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်...