ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ထုတ်ပြန်သည့် ကြေညာချက်အထဲမှ အရေးကြီးသည့် အချက် (၉) ချက်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ထုတ်ပြန်သည့် ကြေညာချက်အထဲမှ အရေးကြီးသည့် အချက် (၉) ချက်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ယနေ့ ဖေဖာ်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်သည်။

ထုတ်ပြန်သည့် ကြေညာချက်အထဲမှ တိုက်တွန်းချက် (၂) ရပ်၊ အရေးယူဆောင်ရွက်မည့် အချက် (၂) ချက်နှင့် တခြားဆောင်ရွက်ချက် (၅) ရပ်ကို ထုတ်နှုတ်ဖော်ပြအပ်ပါသည်။

တိုက်တွန်းချက် (၂) ရပ်

(၁)  စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့် အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများသည် ပြည်သူများအတွက် အလုံခြုံဆုံးနေရာဖြစ်၍ ပြောင်းရွှေ့နေထိုင်ကြရန်

(၂) စစ်ရှုံးစစ်ကောင်စီသည် အရပ်သား ပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ် အလောင်း ဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ရှောင်ရှားရပ်တန့်ပြီး   စစ်သားပီသစွာဖြင့် စစ်မြေပြင်တွင် တိုက်ခိုက်ရန်

အရေးယူဆောင်ရွက်မည့် အချက် (၂) ချက်

(၁) ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်။

(၂) အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက်  အရေးယူဆောင်ရွက်သွားမည်။

အခြားအချက် (၅) ရပ်

(၁) မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အာရက္ခပြည်သူ လူထုများနှင့် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ကြိုးစား တိုက်ပွဲဝင်လျက်ရှိသည်။

(၂) တစ်ဖက်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ မြောက်မြား စွာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများ စသည့်ဖြစ်ရပ်များမှာ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါ ပြုန်းတီးအင်အားများကို ကာမိစေရန် အကြမ်းဖက် စစ်ကောင်စီသည် “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အသက်သွင်း၍ စစ်အင်အား ပြန်လည် ဖြည့်တင်းရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်။

(၃) စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်းဖက် စစ်ကောင်စီသည် အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီး တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

(၄) တစ်ပြိုင်နက်တည်းတွင် အကြမ်းဖက် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးကာ မိမိတို့ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင် စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက်  ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်။

(၅) တစ်ဖက်တွင် ရက္ခိုင်၊ ပလက်ဝဒေသ စစ်ပွဲများအတွင်းမှ ဖမ်းဆီးရမိထားသည့် ထောင်ချီသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပါသည်။ အသက်အန္တရာယ်စိုးရိမ်ရသောသူများနှင့် ဒဏ်ရာရ သူများကိုပင်လျှင် မိမိတို့အနေဖြင့် အသက်ကယ်တင်ပေးထားပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း လူသားချင်း စာနာထောက်ထားစွာဖြင့် အခက်အခဲများကြားမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုများ အတွက် အကောင်းဆုံးပြုလုပ်ပေးထားပါသည်။

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...