သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပအိုဝ်းပြည်သူ့စစ် PNO ကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်တပ်ဆင် အပ်နှင်းခဲ့သည်။
ဖေဖော်ဝါရီ (၁၇)ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများ တပ်ရင်း/တပ်ဖွဲ့မှူးများက PNO တပ်ဖွဲ့ကို လက်နက်တပ်ဆင်အပ်နှင်းခဲ့သည်။
လက်ရှိမှာ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (PNLA/PNLO) နှင့် စစ်ကောင်စီ လက်အောက်ခံ PNO/PNA တို့ တိုက်ပွဲပြင်းထန်နေသည်။
ထို့ပြင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရသည်။