ဖရူဆိုမြို့မှာ ကျေးရွာအနီးအနား တောမီးလောင်နေတာကြောင့် ဒေသခံများ စိုးရိမ်

ဖရူဆိုမြို့မှာ ကျေးရွာအနီးအနား တောမီးလောင်နေတာကြောင့် ဒေသခံများ စိုးရိမ်

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းက ကျေးရွာလေးရွာ အနီးအနားမှာ ဖေဖော်ဝါရီလဒုတိယပတ်ကစပြီး တောမီး ရက်ဆက်လောင်နေတာကြောင့် ကျေးရွာအတွင်း မီးကူးစက်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့တွင်းနဲ့ မြို့ပတ်လမ်းအနီးအပါအဝင် ကျေးရွာတချို့တွေမှာ  စစ်ကောင်စီတပ်စွဲနေရာယူထားပြီး မြေမြှုပ်မိုင်းထောင်ထားခဲ့တာကြောင့် ကျေးရွာဒေသခံတွေဟာ သန့်ရှင်းရေးပြန်မလုပ်နိုင်ကြတာဖြစ်ပါတယ်။

ဒေသခံတွေဟာ နေရပ်မပြန်နိုင်တာ ၂နှစ်ကျော်ရှိနေပြီး တောမီး၊ ရှို့မီးတွေကတဆင့် ကျန်ခဲ့တဲ့နေအိမ်တွေ မီးလောင်သွားမှာကို စိုးရိမ်နေကြတာပါ။

ဖရူဆိုက ကျေးရွာတချိုမှာတော့ "သတ်မှတ်ဧရိယာအတွင်း မီးသတိပြုဖို့ ၊ မီး အန္တာရာယ် ကာကွယ်တားဆီးနိုင်ဖို့၊ တောမီးမရှို့ဖို့” လိုက်လံတားမြစ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖရူဆို၊ မြန်မာ့ဆက်သွယ်ရေးရုံး အနီးမှာ တောမီးလောင်ရာကနေ လူနေအိမ် တချို့ မီးလောင်သွားတာ ရှိခဲ့ဖူးပါတယ်။ နှစ်စဉ် ဖရူဆိုမြို့နယ်အတွင်းမှာ တောမီးလောင်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Most read this week

နိုဝင်ဘာလ ၂၈ ရက်နေ့၊ မနက်ပိုင်းမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တစ်ဦးရဲ့ နေအိမ်
November 28, 2024
ယမန်နေ့ (နိုဝင်ဘာလ ၂၇ ) က လက်နက်ကြီးပစ်ခတ်ခံရတဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊...
November 28, 2024
ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ ညနေပိုင်း ၃နာရီအချိန်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁...
November 27, 2024
ထိုင်း – ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေ အ‌...