KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြနှင့် မိသားစုဝင်အချို့ နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးထုတ်ပြန်စာ ထွက်ရှိ

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြနှင့် မိသားစုဝင်အချို့ နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးထုတ်ပြန်စာ ထွက်ရှိ
Photo: KTLA
Photo: KTLA

ကော်သူးလေအာမီ-KTLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စောနယ်ဒါးမြ ကိုင်ဆောင်ထားသည့် နိုင်ငံသား မှတ်ပုံတင်နံပါတ်သည် ပိုင်ရှင်အမှန်မဟုတ်သည့်အတွက် သူနှင့် မိသားစုဝင်အချို့ ထိုင်းနိုင်သားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့စွဲပါ မဲဆောက်ခရိုင်အုပ်ချုပ်ရေး မှူး၏ ထုတ်ပြန်ကြေညာစာတစ်စောင်ထွက်ပေါ်လာသည်။

မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်စာတွင် ဗိုလ်ချုပ်စောနယ်ဒါးမြ ကိုင်ဆောင်ထားသော ထိုင်း နိုင်ငံသားမှတ်ပုံတင်နာမည်သည် နိုင်ဆုံးဆာခမ်းပျေ့ (Mr Somsak Khambia) ဖြစ်သလို အဆိုပါ နာမည် နှင့်မှတ် ပုံတင်နံပါတ်သည် ပိုင်ရှင်စစ်အမှန်မဟုတ်ဘဲ စုံစမ်းစစ်ဆေးချက်အရ သက်သေ အထောက်အထားနှင့် ပိုင်ရှင်အမှန်ရှိသည့်အတွက် ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်သည် ပိုင်ရှင်အမှန် မဟုတ်ကြောင်း ဖော်ပြထားသည်။

ဇင်းမယ်ခရိုင်၊ မဲ့ဂျဲမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စိစစ်တွေ့ရှိချက်အရ မဲ့ဂျဲမ်မြို့နယ်၊ ထဖာအုပ်စု ရပ်ကွက်(၉)အိမ်နံပါတ် ၆၂ ၏ xxxxxx မှတ်ပုံတင် နံပါတ်ကိုင်ဆောင်ထားသူ နိုင်းဂျန်းထစ်ခမ်းပျေ့ သည် ပိုင်ရှင်အစစ်ဖြစ်ပြီး နိုင်ဆုံးဆာခမ်းပျေ့နှင့် နိုင်ဂျန်းထစ်ခမ်းပျေ့သည် တစ်ဦးတည်ဖြစ်ကာ မိဘ မျိုးရိုးနာမည် လည်းမှန်သည့်အတွက် ဗိုလ်ချုပ်စောနယ်ဒါးမြ(နိုင်းဆုံးဆာ ခမ်းပျေ့)တင်ပြသည့်  သက်သေများသည် ခိုင်လုံမှု မရှိသောကြောင့် နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး၏ စာထဲတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် နိုင်းဆုံဆာ ခမ်းပျေ့၊ ညီမဖြစ်သူ နန်းခမ်းဆိုင် ခမ်းပျေ့ နှင့် မိခင်ဖြစ်သူ နန်းအေ့ခမ်းပျေ့ အားလုံးသည်လည်း အခြားသူ၏ မှတ်ပုံတင်နံပါတ်ကို ယူထားနိုင်သည့်အတွက်ဆိုကာ အဆိုပါ နာမည်ပါသူများသည် ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းကြောင်းလည်း မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူး ထုတ်ပြန်စာထဲတွင် ပြောဆိုထားသည်။

အဆိုပါ နာမည်ရုပ်သိမ်းခံရသည့် အမည်စာရင်းပါရှိသူများသည် သက်သေနှင့်တကွ ၁၅ ရက်အတွင်း  မဲဆောက်မြို့နယ် မှတ်ပုံတင် ဦးစီးဌာနရုံးသို့ အယူခံဝင်ခွင့်ရှိကြောင်းလည်း ပြောဆိုထားသည်။

ယခုသတင်းထွက်ပေါ်လာသည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်စောနယ်ဒါးမြအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် မဖြေကြားလိုသေးကြောင်း ပြောဆိုသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စောနယ်ဒါးမြသည် ၂၀၂၁ ခုနှစ်တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ရာထူးနှင့်တာဝန်နှစ်ရပ်လုံးကို ရပ်စဲလိုက် ပြီးနောက် ကော်သူးလေအာမီ ( Kaw Thoo Lei Army )ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်းကာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...