Published
Wednesday, February 07, 2024
စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အပြင် သားသမီးတွေရဲ့ပညာရေးလည်းစိုးရိမ်နေရ
- တော်လှန်ရေးသက်တမ်း နှစ်ဆယ့်ငါးနှစ်အထက် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို ၇၅ နှစ်မြောက် ကရင်တော်လှန်ရေးနေ့မှာ KNU က ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
- ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် သားသမီးတွေရဲ့ ရှေ့ဆက်ပညာရေးအတွက်လည်း စိုးရိမ်ပူပန်နေကြရတယ်လို့ ဆိုပါတယ်။
- ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နယ်မြေမတည်မငြိမ်မှုတွေအကြားမှာ စာသင်ကြားနေရတဲ့ ကလေးတွေဟာ ဒေသအခြေအနေအပေါ်မူတည်ပြီး ပညာရေးကို နှစ်ဆုံးတိုင်အောင် မလျှောက်လှမ်းနိုင်တော့ပဲ နှစ်တစ်ဝက်လောက်မှာပဲ ပညာသင်ကြားမှုရပ်တန့်သွားရတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။