Published
Tuesday, January 23, 2024
မန်ဆူကျောင်းမှာရှိတဲ့ စစ်ရှောင်တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေ
- ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ မန်ဆူကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရပါတယ်။
- ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ရှမ်းပြည်တောင်ပိုင်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ အိမ်ပြန်ဖို့အခက်အခဲကြုံနေရပါတယ်။
- မြေနီ၊မြေစေး တွေကိုသုံးပြီး ရှမ်းလူမျိုးတွေဟာ မြေအိုးရေကရားတွေ ပြုလုပ်ကြပါတယ်။ မြေအိုးရေကရားပြုလုပ်ဖို့ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုပြုလုပ်ရသလဲဆိုတာကို သျှမ်းသံတော်ဆင့်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။