ရှမ်းမြောက်ပိုင်းတိုက်ပွဲကြောင့် ကုန်သွယ်ရေးလုပ်ကြောင်းပြောင်းလဲအသုံးပြုရာ မြဝတီ-ဖားအံ-ရန်ကုန်ကားလမ်းပိုင်း ယာဉ်တန်းပိတ်ဆို့မှုဖြစ်နေ

ရှမ်းမြောက်ပိုင်းတိုက်ပွဲကြောင့် ကုန်သွယ်ရေးလုပ်ကြောင်းပြောင်းလဲအသုံးပြုရာ မြဝတီ-ဖားအံ-ရန်ကုန်ကားလမ်းပိုင်း ယာဉ်တန်းပိတ်ဆို့မှုဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ‌ဖြစ်စဉ်များကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းလဲအသုံးပြုကြသည့်ကားများ မြဝတီ-ဖားအံ-ရန်ကုန် ကားလမ်းပိုင်း စစ်တပ်ဂိတ်နေရာများတွင် ယာဉ်တန်းပိတ်ဆို့မှု နေ့စဉ်ဖြစ်ပွားနေကြောင်း မြဝတီ မြို့ခံကုန်သည်များက ပြောသည်။

ယခင်လ အောက်တိုဘာလကုန်ပိုင်းက စတင်ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ‌ဖြစ်စဉ်များကြောင့် လက်ရှိ မြဝတီ-ဖားအံ-ရန်ကုန် လမ်းပိုင်းဘက်တွင် ကုန်သွယ်လမ်းကြောင်း ပြောင်းလဲအသုံးပြုနေကြသည့်အခြေအနေနှင့်ပတ်သက်၍ မြဝတီကုန်သည်တစ်ဦးက ယခုလို ပြောသည်။

“ရှမ်းမြောက်ဘက် မူဆယ်လမ်းကြောင်း ရပ်သွားပြီ ဆိုတော့ကားတွေ မြဝတီဘက် အတက်များလာတယ်။  ပြန်ဆင်းတော့ မြဝတီကုန် သွယ်ရေးဇုန်၊  ရွာသစ်ဘက်မှာ ကားပိတ်တယ်။  ကော့ကရိတ်ကိုးတိုင် စစ်ဆေးရေး ဂိတ် တစ်ခါပိတ်တယ်။ သံလွင်တံတားနဲ့ ညောင်ခါးရှည် ဂိတ်တွေ ပိတ်တယ် ဆိုတော့ နေ့ချင်း မရောက်တော့ဘူး။ ကုန်တွေ၊ လူတွေ ညအိပ်ရတာမျိုးနဲ့ ကားဆင်း နေရတယ် ”ဟု ၎င်းကုန်သည်က ပြောသည် ။

ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ဖားအံလမ်းပိုင်းနှင့် ရန်ကုန်သို့ ဆက်သွားရသည့်  ဖားအံ-ပဲခူးလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်၊ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများ ကြောင့် လုံခြုံစိတ်ချရသည့် အခြေအနေမရှိသည့်အကြားမှပင် ကုန်စည်တင်ပို့ သယ်ဆောင် နေကြရကြောင်း ကုန်စည်ကားမောင်းသူတစ်ဦးက ပြောသည်။

၎င်းက “အခုက ကားမောင်းရတာ အဆင်မပြေတော့ဘူး၊ စားဖို့အတွက်မရှိတော့ မောင်းနေရတယ်၊ ကားမောင်းရင်း ကျည်ထိ့မလား၊မိုင်းထိမလား၊ ကားမီးရှို့ခံရမလားဆိုတာ တွေးပြီး အသက်နဲ့ရင်းပြီး ကားမောင်းစားနေရတယ်၊ အရင်က ကားမတော်တဆမှုဖြစ်မှာ စက်ချို့ယွင်းတာမျိုးဘဲဂရုစိုက်ရတယ်၊ မလွယ် တော့ဘူး၊အခု စစ်တပ်ဂိတ်တွေ စစ်ဆေးတာကို ဖြတ်ဖို့ တစ်နေ့ကုန်စောင့် နေရတယ်၊ တစ်နေရာက လွတ်ဖို့ကို ကားပိတ်တာ များလာတယ် ။ ”ဟု ပြောသည်

လတ်တလော ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး၊ မူဆယ်လမ်းပိုင်း၊ ရခိုင် ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ အမ်းတောင်ပေါ်လမ်းပိုင်း နှင့် သီပေါ၊ ကျောက်မဲ၊ ကယားပြည် နယ်လမ်းပိုင်းများဘက်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား နေသည့် အတွက် နယ်စပ်ကုန်စည်စီးဆင်းမှုမှာ မြဝတီ-ရန်ကုန်လမ်းပိုင်း တစ်ခုသာ ကျန်နေ ကြောင်း မြဝတီအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ ပြောစကားအရ သိရသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...