သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် အမှတ်-(၃၁၄) အမြှောက်တပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာ နေရာအတွင်းသို့ နိုဝင်ဘာလ ၃ ရက်နေ့က ညနေ ၆ နာရီဝန်းကျင်မှ ည ၈ နာရီခွဲကျော်အထိ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် လက်နက်ကြီးကျည် ၂ လုံးသည် တက်တူးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တက်တူးကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဦးမိုးအောင်သည် ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင်  ဦးမိုးအောင်နေအိမ်အပါအဝင် နေအိမ် ၃ လုံးလည်း ကျည်ထိပျက်စီးသွားသည်ဟုလည်း ဆိုထားသည်။

ယင်းနေ့ ညနေ ၂ နာရီအချိန်ကစပြီးလည်း ခမရ-၉ တပ်ရင်းမှ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ အနီးအနားကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

သထုံမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ အသက်အန္တာရာယ် စိုးရိမ်ထိတ်လန့်နေကြသည်ရှိသလို ထွက်ပြေးတိမ်းရှောင်နေရမှုလည်း မကြာခဏဖြစ်ပွားနေသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...
October 22, 2024
မွန်ပြည်နယ်အတွင်း ပွဲရုံ၊ ဂိုဒေါင်တို့တွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့်...
October 21, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့...