MOGE အရေးယူခံရမှု စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေရလမ်း ထိခိုက်မှုကြီးမားလာနိုင်

MOGE အရေးယူခံရမှု စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေရလမ်း ထိခိုက်မှုကြီးမားလာနိုင်

ဒေါ်လာဝင်ငွေအများဆုံး ရရှိနေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေရလမ်း ပိုမိုထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်တဲ့ ဘဏ္ဍာ ရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လာမယ့်ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး ပိတ်ဆို့အရေးယူသွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခွင့်ရှိမှာမဟုတ်သလို ချေးငွေ၊ ငွေစာရင်း၊ အာမခံနဲ့ ရင်နှီးမြှုပ်နှံမှုအပါအဝင် အခြားငွေကြေး ဝန်ဆောင်မှုတွေကိုလည်း ပိတ်ဆို့ကန့်သတ်လိုက်တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ MOGE ပိတ်ဆို့အရေးယူခံမှုဟာ စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေရလမ်း အတော်လေး ထိခိုက်နစ်နာလာနိုင်သလို ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုကြီးမာလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ်လို့ စစ်အစိုးရဘက်က ဘာမှလူခွဲမရှာနိုင်ဘူးဆိုရင်တော့ အဲဒီဟာက တော်တော်ထိခိုက်မယ့်ကိစ္စပဲ။ (၁၉၉၇) လောက်တုန်းကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမယ့်အဲဒီတုန်းကတော့ ဒီလိုမျိုး (Target)နဲ့ မဟုတ်ဘူးပေါ့လေ။ Over all ဆန်ဆန် အကုန်လုံးကို ဒီအမေရိကန်ဒေါ်လာ အဝင်အ ထွက်စီးဆင်းမှုတွေဘာတွေ အကုန်ပိတ်လိုက်တာဆိုတော့ အဲဒီတုန်းက (MOGE)က ထိုင်းနဲ့လုပ်တာပေါ့။ ထိုင်းနဲ့လုပ်တာဆိုတော့ သူချေတဲ့ ငွေကြေးကို ဒေါ်လာအစားယူရိုတို့ လှည့်သုံးတယ်။ ဒါပေမယ့်အခုယူကေပါ ပါလာပြီ။ ယူအက်စ်အပြင် ယူကေပါ ပါလာပြီဆိုတော့ လှည့်သုံးဖို့ Currency တော့ နည်းနည်းခက်သွားတာပေါ့။ ဒါပေမယ့် (MOGE)ရဲ့ အဓိက တင်ပို့တာက တရုတ်နဲ့ထိုင်းဆိုတော့ ဒီပေးချေဖို့အတွက်က သိပ်ပြဿနာမရှိလောက်ဘူး၊ ဘယ်ဟာမှာ ပြဿနာရှိလဲဆိုတော့ အဲဒီကရတဲ့ဝင်ငွေကို တခြားပစ္စည်းတွေဝယ်ဖို့အတွက် တခြားသွင်းကုန်တွေလုပ်ဖို့ အတွက်မှာတော့ နည်းနည်းခက်သွားမယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။

MOGE လုပ်ငန်းဟာ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ဒေါ်လာဘီလီလျံနဲ့ချီ ရရှိနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီအရေးယူမှုဟာ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံပိုင်ရေနံလုပ်ငန်းကို ပထမဆုံးအကြိမ် တိုက်ရိုက်အရေးယူမှုဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြောင့် MOGE လုပ်ငန်းကနေ စစ်ကောင်စီအတွက် ဒေါ်လာဝင် ငွေ ရရှိတော့မှာ မဟုတ်သလို တရုတ်ငွေယွမ်နဲ့ ထိုင်းငွေဘတ်ကိုသာ ရရှိတော့မှာ ဖြစ်တဲ့အတွက် အဲဒီနှစ်နိုင်ငံနဲ့သာ ကုန်သွယ်နိုင်တော့မယ်လို့ ဆိုပါတယ်။

MOGE လုပ်ငန်းရဲ့ ဓာတ်ငွေ့ တင်ပို့ရောင်းချမှုဟာ တရုတ်နဲ့ထိုင်းနိုင်ငံကိုသာ အဓိကတင်ပို့တာကြောင့် ဒီနှစ်နိုင်ငံနဲ့ကုန်သွယ်မှု မထိခိုက်နိုင်ပေမယ့် ငွေပေးချေမှုအပေါ် အမေရိကန်ဘက်က ထိုင်းဘဏ်တွေကို ဖိအားပေးလာရင် ထိခိုက်မှု ကြီးမားသွားနိုင်တယ်လို့ သုံးသပ်တာပါ။

“(MOGE)ရဲ့ Gas ရဲ့ ကုန်သွယ်ရေးကလည်း ကျဉ်းကျဉ်းလေးလေး၊ ဒီနှစ်နိုင်ငံဘဲ တစ်ကမ္ဘာလုံးကို ပို့နေတာလည်း မဟုတ်တော့ ဒီနှစ်နိုင်ငံအတွက်နဲ့က သိပ်ပြီးပြဿနာ မရှိလောက်ဘူး။ တစ်ခုပဲရှိတယ်။ စင်ကာပူဆိုလို့ရှိရင် စင်ကာပူဘဏ်တွေကို အမေရိကန်က ဖိအားပေးတာပေါ့။ ဆိုတော့ မြန် မာပြည်ရဲ့ဘဏ်တွေနဲ့ မဆက်သွယ်ဖို့၊ မြန်မာပြည်ရဲ့ဘဏ်တွေကို ဝန်ဆောင်မှုမပေးဖို့ဆိုပြီးတော့ (UAB)တို့ ဘာတို့ဆိုရင် ရပ်လိုက်တယ်။ အဲဒီလိုမျိုး ထိုင်းဘဏ်တွေကို သွားပြီးတော့ ဖိအားပေးနိုင်မလားပေါ့၊ တရုတ်ဘဏ်ကတော့ လုံးဝဖိအားပေးလို့ မရဘူးဆိုတာတော့ တွေ့ရမယ်။ ထိုင်းဘဏ်တွေကို ဖိအားပေးရင်ကတော့ အဲဒီမှာလည်း နည်းနည်းတစ်မျိုး အဖြေထွက်လာမှာပေါ့၊ ဒါပေမယ့် အဲဒီလိုဖိအားတွေ ရှိလာရင်တော့လည်း ပိုပြီးတော့ထိခိုက်မှာပေါ့”လို့ ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအ တွင်းကလည်း နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ EU ဥရောပသမဂ္ဂရဲ့ ဥရောပဘုံဈေးကွက်အဖွဲ့ကလည်း အရေးယူပိတ်ဆို့မှု ချမှတ်ထားပါတယ်။

MOGE အရေးယူခံရမှုဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်း ဝယ်ယူမှုကအစ များစွာထိခိုက်မှု ရှိလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

အမေရိကန်ကလည်း MOGE လုပ်ငန်းကို အရေးယူမှုဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အ ကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...