ABSDF ၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို KNU ခေါင်းဆောင်အချို့ တက်ရောက်

ABSDF ၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို KNU ခေါင်းဆောင်အချို့ တက်ရောက်

ကျောင်းသားတပ်မတော် (ABSDF) တည်ထောင်ခြင်း (၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဆယ့်နှစ် ကြိမ်မြောက် ညီလာခံဖွင့်ပွဲကို အွန်လိုင်းအစီအစဥ်ဖြင့် နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင် အမျိုးသား အစည်းအရုံး - KNU ၏ အထွေအထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် ဗဟိုအမြဲတမ်း ကော် မတီဝင် ပဒိုစောသမိန်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ABSDF ၏ (၃၅) နှစ်တိုင်တိုင် ဖြတ်သန်းခဲ့ရသည့် ခံယူချက်ပြည့်ဝမှု၊ တော်လှန် စိတ်ထားဖြင် ရဲရင့်မှု၊ ပေးဆပ်အနစ်နာခံမှုများသည် ယနေ့ကျရောက်သည့် မွေးနေ့နှစ်ပတ်လည်နှင့် (၁၂) ကြိမ်မြောက် ညီလာခံ နှင့် အတူ ရှေ့ဆက်တိုက်ပွဲဝင်ရန် ခွန်အားယူရမည့် ဖြတ်သန်းမှုများဖြစ်ကြောင်း KNU ကိုယ်စားဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ပဒိုစောလှထွန်းက ယခုကဲ့သို့ ပြောသည်။

“ABSDF က (၃၅) နှစ်တိုင် အသက်သွေးချွေး၊ ခန္ဓာတွေ ပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေကို အလေးပြု မှတ်တမ်းတင် ပါတယ်။ ABSDF ဟာ ရှေ့ဆက်တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ နွေဦးတော်လှန် ရေး ဖြစ်တည်မှုကို ဦးဆောင်ပေးတဲ့ မော်ကွန်းတင်အဖွဲ့အစည်းတစ်ခုပါ။ (၈၈) မျိုးဆက်က တွန်းလှန်မှုတွေဟာ အခုအချိန်မှာ အတုယူနေရတာဖြစ်တယ်။ ဒီညီလာခံကနေ မှန်ကန်ကောင်းမွန်တဲ့ ခေါင်းဆောင်ကြီးများ ရွေးချယ် နိုင်ပြီးတော့ ရှေ့ဆက် ကျနော်တို့ အာဏာရှင် ချုပ်ငြိမ်းရေးအတူတကွတိုက်ပွဲဝင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု ပဒိုစောလှန်ထွန်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အပြင် ABSDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ရှုပ်ထွေးနေသော နိုင်ငံရေးအား သိမ်မွေ့စွာ စဥ်းစားတွေးခေါ်ရန်နှင့် ပြတ်သားမှုရှိရန် လိုအပ်သလို ရန်သူစစ် အုပ်စု၏ သပ်လျှိုဖြိုခွဲမှုကို သတိ ထားရမည်ဟုလည်း ပဒိုစောသမိန်ထွန်းကလည်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။

ပဒိုစောသမိန်ထွန်းက “ABSDF ကတော့ ကျနော်တို့နဲ့တောက်လျှောက် လက်တွဲလာတဲ့ သံမဏိစိတ်ဓာတ် ပိုင်ရှင် တွေပဲ ဒီစိတ်ဓာတ်က နွေဦးတော်လှန်ရေးမှာ တွန်းအားဖြစ်စေတယ်။ တစ်ခုက ရန်သူဟာ အင်မတန် ကောက် ကျစ်တယ်။ သပ်လျှိုဖြိုခွဲတတ်တယ် ။ နည်းပရိယာယ်က အရမ်းသိမ်မွေ့တယ် ဆိုတာ သတိထားရမယ်။ ဒီကနေ့ မှာ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ ကျနော်တို့ ရန်သူကိုနည်း အောင်လုပ်ရမယ်။ ကျယ်ပြန့်တဲ့ တော်လှန်ရေးအင်အား စုတွေ ဖွဲ့ရမယ်။ မြောက်ပိုင်းဒေသက လှုပ်ရှားမှုကနေ တပြည်လုံးကို ဆက်သွယ်သွားအောင် လုပ်ဖို့အရေးကြီး တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားတွင် ABSDF ၏ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH ၏ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်းတို့မှ ဂုဏ်ပြု အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် ABSDF မှ တာဝန်ရှိသူများက နှစ်ပတ်လည်နေ့နှင့်ညီလာခံအဖွင့်ပွဲသို့ ပေးပို့လာသော အဖွဲ့အစည်း အသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ တက်ရောက်လာသူများအား ကျေးဇူး တင်စကားများ ပြောကြား ပြီးနောက် အခမ်းအနားပြီး ဆုံးကြောင်းကြေညာခဲ့သည်။

အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများအပါအဝင် (၈၈) ကျောင်းသားမျိုး ဆက်များ၊ ကျောင်းသားဟောင်းများ၊ မီဒီယာများ၊ ABSDF ၏ တာဝန်ရှိသူများနှင့် ရဲဘော်များ အပါအဝင် ဖိတ် ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း လူပရိသတ် (၉၀) ဦး ထက်မနည်း တက်ရောက် ဂုဏ်ပြုခဲ့ကြ သလို နေ့လည်ပိုင်းတွင်လည်း (၁၂) ကြိမ်မြောက် ညီလာခံအား ဆက်လက်ကျင်းပလျက် ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်တပ်ကို ဆန့်ကျင်တော်လှန်ကြသော ကျောင်းသားမျိုးဆက်များဖြင့် (၁၉၈၈) ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ရာ စစ် အစိုးရ၏ မတရားအသင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခံရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ နှင့် ပူးပေါင်းကာ နိုင်ငံအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ သော်လည်း (၂၀၂၁) ခုနှစ် စစ်တပ်မှ ထပ်မံ အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိတော့ဘဲ NCA ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာကာ လက်ရှိ အချိန်ထိ အာဏာရှင်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်လျက်ရှိသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...