ရှမ်းမြောက် ပြည်ထောင်စု လမ်းမ ပိတ်လျက်ရှိနေဆဲဖြစ်

ရှမ်းမြောက် ပြည်ထောင်စု လမ်းမ ပိတ်လျက်ရှိနေဆဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သိန္နီမြို့အဝင် သိန္နီတံတားကို ဖောက်ကွဲထားသည့်အပြင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့တွင် သစ်ပင်များ ခုတ်လှဲပြီး လမ်းပိတ်ထားသောကြောင့် ကားလမ်းပိတ်ဆို့မှုများရှိသည်ဟု ကားသမားများနှင့် ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ဖြစ် ပြီး မန္တလေး - မူဆယ် လမ်းပိုင်းတစ်လျှောက်တွင် လမ်းများ ပိတ်ထားကာ သွားလာ၍ မရသေးဟု ဆိုကြ သည်။

ကားသမားတစ်ဦးက “လမ်းက ဂုတ်တွင်းထဲမှာ ပိတ်ထားတာ။ အပင်တွေလှဲပြီး ပိတ်ထားတာ။ ပိတ်ထားတဲ့ အတွက် ပေးမဖြတ်တာ။ ဘယ်နားမှာ ပိတ်ထားတယ်ဆို အဲလိုကြီးတော့ တားထားတာတော့ မရှိဘူးဗျ။ အဲတော့ အကြားနဲ့တင် အဲ့လို သွားမရဘူး။ ပေးမဖြတ်ဘူးဆိုတာနဲ့တင် ပြန်လှည့်လာခဲ့ကြတာ” ဟု ပြောသည်။

“လမ်းမှာက အုန်းမခါးကနေ နောင်ချိုအထိ ကားမတွေ့ဘူး။ ဘာကားမှ မတွေ့ဘူး။ ဆိုင်ကယ်လည်း မတွေ့ဘူး။ ဖြတ်လာတော့ နောင်ချို တိုးဂိတ်ရောက်တော့ သွားချင်ရင်တော့သွားတဲ့ ဒါပေမယ့် အပင်တွေလှဲထားတယ်တဲ့ ဆိုတော့ ကျနော်တို့လည်း ပြန်လှည့်လာတယ်။ မသွားတော့ဘူး။ ကားတွေလည်း အကုန်ပြန်လှည့်လာတယ်။ နောင်ချို မှာ နားနေကြတယ်။”

ညီနောင်မဟာမိတ်တပ်ဖွဲ့သည် အောက်တိုဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် သိန္နီ ရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် စစ်တပ်စခန်းများကို ထပ်မံ သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းမုံးကိုးဒေသ ဖောင်းဆိုင်ရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စတင်ပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့အကြား ရှမ်း မြောက်ရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရမှ နောက်ရက်မှ စတင် ၍ နောင်ချို၊ ကျောက်မဲ တို့ဘက်အထိ ဆက်လက် ပြင်းထန်လာခဲ့သည်။

နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက “မနေ့က မနက်ပိုင်း အစောကြီး ၅ နာရီခွဲချိန်မှာ နမ့်ဖတ်ကာ နမ့်ခိုင်တံ တားမှာ ပစ်ခတ်နေကြတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံတွေကော ကြားနေရတာ။ မနက် ၇ နာရီ ချိန်မှ အသံက ပြန်ငြိမ်လာတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အဖွဲ့က ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်နဲ့ ဖြစ်တာကြား တယ်။ ဒီနေ့လည်း အဲ့အတိုင်းပဲ ဆက်ဖြစ်နေသေးတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းပေါ်ရှိ သိန္နီတံတား မိုင်းခွဲဖျက်ဆီးခံရပြီး ကျိုးကျသွားခဲ့သည်။

မူဆယ်မှ ဒေသခံတစ်ဦးက “သိန္နီတံတား ကျိုးသွားတယ်ကော။ လားရှိုး - မူဆယ်လမ်း လုံးဝသွားလို့ မရသေး ပါ။ နမ့်ဖတ်ကာ အကျော် နမ့်ပေါ်တံတားလည်း လမ်းပိတ်ထားတယ်။ ကားရော၊ ဆိုင်ကယ်ရော သွားလာလို့ မရ သေးဘူး” ဟု ပြောသည်။

ထိုသို့ လမ်းတွေပိတ်ဆို့ထားမှုများကြောင့် နမ့်ဖတ်ကာစျေးနေ့ဖြစ်သော အောက်တိုဘာလ ၃၀ ရက်နေ့ (ယမန် နေ့)က ပင်လယ်စာများကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးသည်ဟု ဆိုသည်။ အနံ့အနည်းငယ်ထွက်လာ သော ပင်လယ်စာများကိုမူ အလကားပေးဝေနေသည်ဟု နမ့်ဖက်ကာ ဒေသခံများက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်ျနေ့ကလည်း ကျောက်မဲ - နောင်ချိုကြားရှိ ကျောက်ကြမ်းကျေးရွာ အကွေ့ တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး နောင်ချို - ပြင်ဦးလွင်လမ်း ဂုတ်တွင်းနေရာက လမ်းများလည်း ပိတ်ထားပြီး ခရီးသွားပြည်သူများ နောင်ချိုတွင် ပိတ်မိနေခဲ့သည်။

တိုက်ပွဲများကြောင့် လမ်းပိတ်ထားသည်ဟု ဆိုရာတွင် မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီး တောက် လျှောက်အား သွားလာ၍ မရအောင် လုံးဝပိတ်လိုက်ခြင်းမျိုးမဟုတ်ဘဲ အဆိုပါ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအလိုက် (လမ်းပိုင်းအချို့) ကို ပိတ်ထားခြင်း ဖြစ်သည်။

ဓါတ်ပုံ - CJ

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...