၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သား သေဆုံးမှုများရှိနေ

၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သား သေဆုံးမှုများရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များထဲ ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြားက တိုက်ပွဲများထဲ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုထဲ နမ္မတူမြို့နယ်ထဲက မန်ဆာကျေးရွာမှ အရပ် သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၅ လုံးထိမှန်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ညီနောင် ၃ ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသည့်အပြင် မည်သည့် လက်နက်ကိုင်အဖွဲ့မှလည်း လှုပ်ရှားနေခြင်းမျိုးမရှိဘဲ ဂျက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက သိန္နီမြို့နယ်တွင်လည်း စစ်ရှောင် အမျိုးသားတစ်ဦး လက်နက် ကြီးစ ထိမှန်ပြီး ဆေးကုသခွင့် မရသောကြောင့် သွေးထွက်လွန်ကာ သေဆုံးသွားသည်ဟု စစ်ရှောင်များက ပြော သည်။ ကျောင်းခမ်းဘုန်ကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး လက် နက် ကြီးကျည်စ ထိမှန်ပြီး ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်ကာ အဆိုပါ ဘုန်းကြီးကျောင်းတွင်ပင် သေဆုံး သွားသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီဝန်းကျင် အချိန်ခန့်တွင်လည်း နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ၁၂၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နမ့်ဖက်ကာ ရပ်ကွက် ၄ နေရာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးအပါအဝင် နှစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။

အဆိုပါ လက်နက်ကြီးကြောင့် သေဆုံးသူ ၅ ဦးမှာ နမ့်ခုံးကျေးရွာမှ အမျိုးသားတစ်ဦး၊ နမ့်ဖတ်ကာမှ ၂ ဦး၊ နမ့်ခမ်း ကလေး ၂ ဦးတို့ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

နမ့်ခုံးရွာနေ ဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးက ရွာထဲမှာ ကျနေတယ်။ ထိတဲ့တစ်ယောက်က အသက် ၄၀ ဝန်းကျင်လောက် ရှိတယ်။ သူက အလည်ကနေ ပြန်လာပြီး နေအိမ်ထဲဝင်ဖို့ လုပ်ချိန်မှာ လက်နက် ကြီးက ကျလာတယ်။ သူက အဲ့မှာပဲ ပွဲချင်းပြီး မသေဆုံးသေးဘူး။ နာရီဝက်လောက်တော့ သူလုပ်နိုင်သေးတယ် ပြီးမှ ဆုံးသွားတာ” ဟု ပြောသည်။

နမ့်ဖက်ကာ အခြေစိုက် ၁၂၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် လေးလုံးထက်မနည်း နမ့်ဖက်ကာ၊ ရပ်ကွက် ၄ ထဲ ကျရောက်ပေါက်ကွဲကာ အသက် ၇ နှစ်အရွယ် ကလေးက ပွဲချင်းပြီး သေဆုံးသွားပြီး အသက် ၃၀ နှစ်အရွယ် နန်းဘော်ဆိုသူမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

လူနာများကို သွားရောက် ကူညီပေးခဲ့သည့် နမ့်ဖတ်ကာမေတ္တာရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက “လက်နက် ကြီးက နေအိမ်ပေါ်မှာ ကျတယ်လို့ပြောတယ်။ ငါးယောက်ထိပြီး နှစ်ယောက်က ဆုံးသွားတယ်။ ဆုံးတဲ့ဟာက ကလေးတစ်ယောက် လူကြီးတစ်ယောက်ပါ။ ဒဏ်ရာထိတဲ့ဟာက လူကြီးသုံးယောက်နဲ့ ကလေးနှစ်ယောက်ထိ တယ်။ ငါးယောက်စလုံး ကွတ်ခိုင်ဆေးရုံမှာ ပို့ဆောင်ပေးထားပါတယ်။ သုံးယောက်ကတော့ ရင်ဘတ်မှာထိ တော့ အောက်စီဂျင်သွင်းနေရတယ်” ဟု ပြောသည်။

အလား နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအနီးတွင်လည်း နေအိမ်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ငယ်၂ ဦး သေဆုံးကာ ၁ ဦး ထခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီအချိန်ကစတင်ပြီး ယနေ့အချိန်ထိ ရှမ်းမြောက်ဒေသရှိ ကျောက် မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များထဲ စစ်ကောင်စီတပ်နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ် သည် MNDAA (ကိုးကန့်)၊ TNLA (တအာင်း) နှင့် AA (ရက္ခိုင့်တပ်တော်) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...