ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေ

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေ

KNU - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ ဒေသ များတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ၃ ရက်တာ တိုက်ပွဲအတွင်း အရပ်သား ပြည်သူများ အပါ အဝင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း နယ်မြေခံစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

အောက်တိုဘာလ ၂၆ ရက်ညပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံဒေသထဲရှိ ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် အရပ် သား ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်း တပ် များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း၌ နှစ်ဖက်စလုံးတွင် ထိခိုက် သေဆုံး ဒဏ်ရာ ရရှိမှုများရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းသတင်းအရင်းအမြစ်က “အရပ်သားတွေ တံတားဦး၊ မြို့တော်ဦးဘက်တွေ မှာ ၄ ယောက်လောက် သေ တယ်။ ကလေးအပါအဝင် ၆ ယောက်လောက် ဒဏ်ရာရကုန်တယ်။ ကရင်အဖွဲ့၊ PDF အဖွဲ့တွေ ဘက်မှာ ၁၀ ‌ယောက်ကျော် ဒဏ်ရာရတယ်။ ဒါကကော့ကရိတ် မြို့တွင်းမြို့ပြင် တိုက်ပွဲမှာပေါ့။ တခြား ကျိုက်ဒုံ၊ အဇင်း၊ ကြာအင်းဆိပ်ကြီးဘက်မှာလည်း ရွာသားရော၊ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေရော ထိခိုက်တာသေဆုံးတာ တွေ ရှိနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသည့်အတွက် မြဝတီ၊ ကော့ကရိတ်၊ ဖားအံ၊ မော်လမြိုင်လမ်းပိုင်းများတစ်လျှောက် နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေဆဲ အခြေအနေ ဖြစ်ကြောင်း ဒေသ အတွင်း ဖြတ်သန်းသွားလာနေသူများက ပြောသည်။

“မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ၊ မော်လမြိုင်၊ အာရှလမ်းမ‌ကြီး တစ်လျှောက်ကတော့ လမ်း ပိတ်လိုက်၊ ပစ်ခတ်လိုက်၊ လမ်းပြန်ဖွင့်ပေးလိုက်၊ စစ်ဆေးလိုက်နဲ့တော့ အဲ့ဒီကြားကပဲ သွားလာ နေကြရတယ်။ စစ်တပ်ဂိတ်က စစ်ဆေးရင်လည်း ဂိတ်ကြေးပေးဖြတ်လိုက်၊ PDF အဖွဲ့ တွေ စစ်ဆေးရင်လည်း မုန့်ဖိုး၊ ဆေးလိပ်၊ ကွမ်းပါတာလေး ပေးခဲ့လိုက် နဲ့ပဲ ကားသွားနေရတယ်ဗျာ” ဟု ဖားအံ-မြဝတီ ကားမောင်းပို့သူက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် သီတင်းကျွတ်ပွဲတော် ကျင်းပရေး၊ မြို့နယ် လုံးကျွတ် ဘောလုံးပြိုင်ပွဲ၊ ပြည်နယ်နေ့ကျင်းပရေး၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဖားအံမြို့စည်ပင် သာယာရေး လုပ်ဆောင်နေသော်လည်းဒေသအတွင်း စစ်ရေးတင်းမာနေမှုနှင့် ဒေသခံများအပေါ် စစ်ဆေးတင်းကြပ်မှုများ ကြောင့် မြို့ပေါ်နေစစ်ကောင်စီနှင့် ပတ်သက်သည့်သူများမှအပ ကျန်ဒေသခံများမှာ လူမှုစီးပွားဘဝများ ခက်ခဲ နေကြရကြောင်း မြို့ခံ သတင်းအရင်းအမြစ်များ က ပြောသည်။

Most read this week

November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...