ကရင်ပြည်နယ်တွင်း ဒေသထွက်သီးနှံများ စျေးကွက်မရှိ၍ တောင်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာ

ကရင်ပြည်နယ်တွင်း ဒေသထွက်သီးနှံများ စျေးကွက်မရှိ၍ တောင်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာ

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ဒေသထွက်သီးနှံများကို အားထား စိုက် ပျိုး အသက်မွေးဝမ်းကျောင်း ပြုကြသည့် ဒေသခံပြည်သူများအနေဖြင့် ယခုအချိန်တွင် ဒေသထွက် သီးနှံများကို ရောင်းချရန် စျေးကွက်မရှိသောကြောင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ပြောသည်။

ဒူးရင်းသီး၊ မရမ်းသီး၊ ဝဥ၊ ရှောက်သီးနှင့် သီဟိုဠ်စေ့စသည့် ဒေသထွက်သီးနှံများကို စီးပွားရေးအဖြစ် စိုက်ပျိုး ထားကြပြီး စစ်ကောင်စီက အာဏာမသိမ်းခင်အထိ ရာသီအလိုက်သီးနှံများကို ရောင်းချ၍ စားဝတ်နေရေး အတွက် ဖြေရှင်းနိုင်ခဲ့သော်လည်း လက်ရှိ စစ်အာဏာသိမ်းထားသည့် ကာလအတွင်း သီးနှံများရောင်းချရန် စျေး ကွက် အခက်အခဲများရှိလာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြော သည်။

“အာဏာသိမ်းပြီးကတည်းက စစ်ပွဲတွေက ရပ်မှမရပ်တာ။ လမ်းမတွေဘေးမှာပဲစစ်တွေဖြစ်တော့ ဘယ် ဝယ်သူ မှလည်း မလာရဲသလို ကျမတို့လည်း မသွားရဲဘူး။ တချို့သီးနှံတွေဆိုဘာဈေးမှမရတော့ဘူး။ ကြားထဲက ကျမတို့ တွေလည်း ဘာလုပ်စားရတော့မလဲမသိတော့ဘူး။ တက်လိုက်တဲ့ဈေးတွေကလည်း ဘာမှကို ဝယ်စားမရဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ထိုမြို့နယ်များတွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေးပဋိပက္ခများကြောင့် လမ်းခရီး သွားလာရေး မလွယ်ကူသဖြင့် သီးနှံအဝယ်ဒိုင်များမှာ ကျေးရွာဒေသများသို့ လာရောက်မဝယ်ခြင်း၊ ဝယ်ယူသူများလည်း မရှိ သောကြောင့် ဒေသခံများအနေဖြင့် ဝင်ငွေမရှိသည့်အတွက် စားဝတ်နေရေး ကြပ်တည်းလာနေသည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲများအဆက်မပြတ်ဖြစ်လာသောကြောင့် စစ်ရေးအရအသုံးဝင်သော လမ်းများကို စစ်ကောင်စီ တပ်များမှ ပိတ်ထားခြင်း၊ ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေပြီး မြို့အဝင်အထွက်များရှိ စစ်ဆေးရေး ဂိတ်များတွင်လည်း တင်းကြပ်စွာ စစ်ဆေးမေးမြန်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်နေကြသဖြင့် သီးနှံဝယ်ယူသူများနှင့်ရောင်းဝယ်ရေးလုပ် ဆောင်နေကြသော ဒေသခံ ပြည်သူ များမှာ သွားလာရေး အဆင်မပြေသောကြောင့် မဝယ်ယူရခြင်းဖြစ်သည်ဟု ဒေသထွက်သီးနှံများကို ရာသီ အလိုက်ဝယ်ယူ၍ ပြန်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။

“သူတို့ဂိတ်ကို ဖြတ်ကိုမဖြတ်ချင်တာ။ မင်းတို့က PDFလာ ဘာလာနဲ့စစ်ဆေး မေးမြန်း ဆဲဆို နေတာ သွားတဲ့လူ တိုင်းကိုပဲ။ သူတို့မယုံသင်္ကာဖြစ်ရင် ပြဿနာရှာရော။ ကျနော် ကော့ဝါလဲမှာ အုန်းသီး ဝယ်ပြန်တော့ လှိုင်းဝ ဂိတ် မှာမေးတယ်။ ဘယ်ကလဲ၊ ဘာလုပ်ဖို့ဝယ်တာလဲနဲ့ အတော်နဲ့ပေးမသွားဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်တွင် ဒေသထွက်သီးနှံများဖြစ်သည့် ဝဥ၊ ပီလောပီနံ၊ ရှောက်သီးများဈေးမရှိသည့်အပြင် သယ်ယူပို့ ဆောင်ရေး လမ်းခက်ခဲခြင်း၊ သယ်ယူစရိတ် ကြီးမားခြင်းတို့ကြောင့် အရောင်းအဝယ် တွက်ခြေမကိုက်တော့၍ မဝယ်ယူခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသထွက် သီးနှံများ လိုက်လံဝယ်ရောင်းသူတစ်ဦးက ဆိုသည်။

အလားတူ ယခုလတွင်လည်း ဝဥ၊ ပီလောပိနံ၊ ရှောက်သီး စသောအသီးအနှံများ သီးနှံပေါ်ချိန် ကာလဖြစ်သော် လည်း ဝယ်ယူသူမရှိသောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရ၍ ဒေသခံများ ဝင်ငွေ မရှိဖြစ်နေပြီး စားဝတ်နေရေး ပြဿနာများ ဖြေရှင်းရန် ခက်ခဲလာကြကြောင်းလည်း ထိုသီးနှံစိုက် တောင်သူများက ပြောသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...