ပိန်းဇလုပ်မြို့ အဝင်အထွက်ဂိတ်တွင် ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု

ပိန်းဇလုပ်မြို့ အဝင်အထွက်ဂိတ်တွင် ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့ နယ်၊ ပိန်းဇလုပ်မြို့အတွင်း ဝင်ထွက်သွားလာရာတွင် သက်ဆိုင်ရာကျေးရွာအလိုက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လပိုင်းများက ပိန်းဇလုပ်မြို့ အနီးတဝိုက်ရှိ ကျေးရွာများသို့ မြို့အခြေစိုက်စစ်ကောင်စီ ခြေလျင်တပ် ရင်း ခလရ-၂၆၄ နှင့် အနီးတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်ခြင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ မြို့တွင်း ဝင်ထွက်သွားခြင်းကို ကန့်သတ်လာ ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ပြီးခဲ့တဲ့ တစ်လကျော်လောက်ကစပြီး အသွားအလာတွေပိတ်တယ်။ ပြီးတော့ မြို့ထဲ ဝင်ကိုချင် ရင် ဘယ်သူမဆို ကိုယ်လာတဲ့ရွာက အုပ်ချုပ်ရေးမှူးထောက်ခံစာပြရတယ်။ လုပ်တော့လည်း တစ်ခေါက်စာပဲ နောက်နေ့ထပ်လာချင်ရင် နောက်ထောက်ခံစာ တစ်စောင်ရေးရတယ်၊ မြို့ပေါ် သွားတဲ့ လမ်းတစ်လျှောက်က ဂိတ် စခန်းတွေမှာ ထောက်ခံစာပြနိုင်မှ သွားလို့ရတာလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများမှ မြို့ပေါ်သို့ ဈေးလာဝယ်ကြသူများအား တစ်အိမ်ထောင်စာအတွက်သာ စားနပ်ရိက္ခာကို သယ်ဆောင် ဖြတ်သန်းခွင့်ပြုထားပြီး လုံခြုံရေး အခြေအနေများ ကြောင့် ယခုနောက်ပိုင်းတွင် မြို့အဝင်အထွက် ပိတ်သည်အထိ ကန့်သတ်လာ၍ အခြားနီး စပ်ရာမြို့များသို့သာ ဈေးသွားဝယ်နေရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ကန့်သတ်ချက်များကြောင့် လုံခြုံရေး အာမခံချက် မရှိသဖြင့် အုပ်ချုပ်ရေးမှူး မရှိသည့် အချို့ကျေးရွာရှိ ဒေသခံများ အနေဖြင့် ပိန်းဇလုပ်ဘက်သို့ သွားရန် အခက်အခဲရှိသည်ဟုလည်း နယ်ခံများ၏ ပြောပြချက်အရ သိရသည်။

“အုပ်ချုပ်ရေးမှူးရှိတဲ့ ရွာတွေကတော့ သွားလို့လာလို့ရတာပေါ့။ ကျနော်တို့ရွာဆို အုပ်ချုပ်ရေးမှူးမှ မရှိဘဲ ဘယ် သူ့ဆီ ထောက်ခံစာ သွားလုပ်ရမလဲ။ ပြီးတော့ ပိန်းဇလုပ်ဘက်က တချို့လည်း အခုနောက်ပိုင်း မြို့အဝင်အထွက် တောင် လုပ်ခွင့်မပေးတော့ ဈေးဝယ်ရင် ဒီဘက်ပဲလာဝယ်ကြတော့တယ်။ ဆန်တောင်မှ တစ်အိမ်ထောင်စာပဲ သယ်ခွင့်ပေးထားတာ” ဟု ကျောက်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားမှု အားကောင်းနေသော ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခြင်း၊ ၎င်းတို့ဂိတ် စခန်းများသို့ ဖြတ်သန်းသွား လာသူများအား အကြောင်းအမျိုးမျိုးဖြင့် အခကြေးငွေကောက်ခံခြင်း၊ ရိက္ခာနှင့်ဆေးဝါးအများအပြား သယ် ဆောင်ရန်ခွင့် မပြုခြင်းတို့ကြောင့် ရိက္ခာပြတ်လပ်ကာ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်နှင့် စီးပွားရေးကောင်းစွာ မလုပ်ကိုင်နိုင်သည့် အခြေအနေများနှင့်ပါ တွေ့ကြုံနေရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေ (၇) ခု အနက် ညောင်လေးပင်ခရိုင်သည် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ကျုးလွန်ခြင်းခံနေရသော ခရိုင်တစ်ခုဖြစ်ကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ - KHRG ကလည်း ဇူလိုင်လအတွင်းက ကေအိုင်စီသို့‌ ပြောဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပိန်းဇလုပ်နှင့်တော်ဝီ ဘူတာအကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မြို့အနီးတဝိုက်ကို စစ်ကောင်စီက အင်အားဖြည့်တင်းနေသလို ထိုနေ့မတိုင်ခင်ကလည်း ခလရ - ၂၆၄ နှင့် ခမရ - ၂၀ တို့မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် ပိန်းဇလုပ်မြို့ အနီး ကျေးရွာများမှ ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...