လေကြောင်းနှင့် လက်နက်ကြီးကြောင့် KNLA တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းနှင့် လက်နက်ကြီးကြောင့် KNLA တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ(၃)  နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်မှုကြောင့် ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသခံအမျိုးသမီး ၂ ဦး အပါအဝင် ၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU နှင့် ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း ခလရ-၂၆၄၊ တော်ဝီနှင့် ရေကြည်ချောင်းရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနေ ဒေသခံတစ်ဦး၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုး သမီး ၂ ဦး အပါအဝင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က အောက်တိုဘာလ ၁၇ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် အောက်တိုဘာလ ၁၇ ရက်နေ့တွင်ပင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေ ကြောင်း အသုံးပြုပစ်ခတ်ခဲ့သဖြင့် အသက် ၂၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး နှင့် KNLA မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“မနေ့က လေယာဥ်လာကြဲတုန်းက ထိတဲ့ ရွာသားတစ်ယောက်ကတော့ ဒဏ်ရာရ နည်းပါတယ်။ ရဲဘော် သုံးယောက်ကတော့ ဒဏ်ရာကြီးတယ် ပြောတယ်။ အခု ဒီမနက်တော့ လေယာဥ်သံ မကြားရတော့ဘူး။ လက် နက်ကြီးသံ ကြားနေရတုန်းပဲ” ဟု ဒေသခံ အမျိုးသမီးက ကေအိုင်စီကို ပြောသည်။

နှစ်ရက်တာအတွင်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူလူထုပိုင် အဆောက်အအုံ နှင့် နေအိမ် (၆) လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး အိမ်မွေးနွား နှစ်ကောင်သေဆုံးကာ တစ်ကောင် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျောက်ကြီးမြို့နယ် အထက်တန်းကျောင်း၊ ခလယ်လွီထူ ဂျူနီယာကောလိပ် အစရှိသည့် စာသင် ကျောင်းများ ပိတ်ထားလိုက်ရပြီး ဒေသခံများလည်း နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း “ကျနော့်အသိအိမ်တောင် လေယာဥ်လာပစ်လို့ ပျက်စီးတဲ့ အထဲပါတယ်။ မနေ့က ဖြစ်တဲ့ နေရာသုံးခုလုံးက တစ်နေရာနဲ့ တစ်နေရာ မနီးမဝေးတွေချည်းပဲ။ KNLA နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ဂျက်ဖိုက်တာနဲ့ သပ်သပ်လာကြဲချသွားတာ” ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာသတင်း ထုတ်ပြန်ပြောဆိုမှုမျိုး မတွေ့ ရှိရသေးပေ။

ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်တို့တွင် ယခု အောက်တိုဘာလအထိ နှစ်ဖက်ပဋိပက္ခ များနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသူ ၂ သိန်း ၄ သောင်း ကျော် ရှိနေပြီး နေရပ်စွန့်ခွာနေထိုင်ရခြင်းနှင့် လူနေမှုဘဝရပ်တည်ရ ခက်ခဲလာသဖြင့် အရေးပေါ်စားနပ်ရိက္ခာနှင့် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေကြောင်း အောက်တိုဘာလ‌ ၁၄ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန် ထားသည်။ထို့အတူ စစ်ဘေးတိမ်းရှောင်နေရသူ ဦးရေ စုစုပေါင်း (၇) သိန်းနီးပါးရှိလာသော KNU ထိန်းချုပ်နယ်မြေ (၇) ခုမှ စစ်ဘေးရှောင်ပြည်သူများ အတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ KNU အပါအဝင် ကရင် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...