ထားဝယ်မြို့နယ်မှ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ပြီး သတ်ဖြတ်

ထားဝယ်မြို့နယ်မှ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ပြီး သတ်ဖြတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ပတောက်ကြီးရွာဟောင်းတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် - KNLA တပ်ရင်း ၁၂ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းကျေးရွာမှ အရပ်သား ၃ ဦးကို လမ်းပြအဖြစ် စစ်တပ်က ခေါ် ဆောင်သွားပြီးပစ်သတ်လိုက်သည်။

၎င်းရွာသားများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အသတ်ခံလိုက်ရကြောင်း ကရင်ဘာသာဖြင့် ရေး သားသည့် ကွယ်ကလူသတင်းက ယမန်နေ့တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ နယ်မြေအတွင်းရှိ ပတောက်ကြီး၊ တောင်ကြီးနှင့် ဆမတောစသည့် ကျေးရွာ ၃ ရွာမှ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၉ ဦးအနက် ၎င်းအသတ်ခံလိုက်ရသည့် ၃ ဦးကို စစ်ကောင်စီတပ်က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများမှ CDM ပြုလုပ်ထားသူများ၏ နေရာများကို လိုက်လံပြခိုင်း၍ ခေါ်ဆောင် သွားခြင်း ဖြစ်သည်ဟု ကွယ်ကလူသတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူများမှာ ပိတောက်ကြီးကျေးရွာမှ အသက် ၂၃ နှစ်အရွယ် စောဒါးခု၊ အသက် ၂၃ နှစ်အရွယ် စောပီဖောနှင့် အသက် ၂၆ နှစ်အရွယ် စောစေးစေးဝါးတို့ကို လမ်းပိုင်းတစ် နေရာတွင် သတ်ဖြတ်သွားခဲ့ပြီး ကျန်ရှိနေသေးသည့် တောင်ကြီးရွာမှ အရပ်သား ၅ ဦးနှင့် ဆမတောရွာမှ အရပ် သား စောအဲထူးဖောကိုလည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွယ်ကလူသတင်းက ရေးသားထားသည်။

ထိုအရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “ရွာသား ၃ ယောက်ကိုဖမ်းပြီးတော့ ဘယ်နားမှာ CDM တွေရှိလဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိ လဲဆိုတာကို လမ်းပြခိုင်းတယ်။ ပြီးတော့ သူတို့လမ်းတစ်ဝက်မှာ ပစ်သတ်သွားတယ်။ နောသရိုခီးရွာ နဲ့ ထီးဆယ် ထရွာကို စကစကဝင်မွှေတော့ ရွာသား ၃၀၀ လောက်ထွက်ပြေးသွားတယ်” ဟု ကေအိုင်စီသို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းဆီးသွားသော အရပ်သားပြည်သူများအား မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာ မရရှိသေးကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ဆက်ပြောသည်။

စစ်ကောင်စီတပ်က နောသရိုခီးနှင့် ထီးဆယ်ထကျေးရွာအတွင်းသို့ တစ်ဆက်ထဲဝင်ရောက်ခဲ့ပြီး ကျေးရွာ အတွင်း ကို ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၃၀၀ ဝန်းကျင်ခန့်သည် ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကွယ်ကလူသတင်းက ရေးသားဖော်ပြထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော KNLA တပ်ရင်း ၁၂ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ် စဉ်တွင် စစ်ကောင်စီတပ် ဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကိုမူ အသေးစိတ်မသိရှိရသေးဘဲ KNLA တပ်ဘက်မှ တပ်ခွဲမှူးတစ်ဦးကျဆုံးပြီး RPG  ၁လက်၊ ကျည်ဆံ ၃ လုံးနှင့် ပစ္စတိုတစ်လက်ကို စစ်ကောင်စီ တပ်ဘက်က သိမ်း ဆည်းရမိခဲ့ကြောင်း ကွယ်ကလူသတင်းက ဖော်ပြထားသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...