ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ စားသုံးကုန်ပြတ်လပ်၊ ကြက်ဥရှာဝယ်လို့မရ

ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ စားသုံးကုန်ပြတ်လပ်၊ ကြက်ဥရှာဝယ်လို့မရ

- ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ လမ်းပိတ်ဆို့မှု၊ လမ်းတံတားပျက်စီးမှုကြောင့် စားသုံးကုန်ပြတ်လပ်လာပြီး ကြက်ဥရှာဝယ်လို့မရတော့တဲ့အခြေအနေရောက်ရှိနေပါတယ်။

- ဝက်နာကျတာ‌ကြောင့် ဒီးမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်က ဝက်မွေးမြူနေတဲ့ပြည်သူတွေရဲ့  တစ်နိုင်တစ်ပိုင် စီးပွားရေးကို ထိခိုက်လာပြီး ဆေးဝါးကုသရေးအတွက် အကူအညီရရှိဖို့ မျှော်လင့်နေကြပါတယ်။

- ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း လအိကျေးရွာက ဘန်ကောက်စစ်ရှောင်စခန်းဟာ  စက်တင်ဘာလဆန်းပိုင်းက လေကြောင်းတိုက်ခိုက်မှုခံရပြီး ပြည်သူ ၉ ဦးသေဆုံးခဲ့ကာ ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ စခန်းမှာနေထိုင်သူတွေကတော့ မမေ့ပျောက်နိုင်ကြသေးပါဘူး။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် စစ်ဘေးရှောင်တွေအနေနဲ့ ဘာတွေကိုတောင်းဆိုနေကြပါသလဲ။

December 25, 2024
- စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် တစ်သိန်းကျော် ထပ်တိုးလာပါတယ်...
December 25, 2024
- ကေအဲန်ယူ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...
December 25, 2024
- ရခိုင်မှာ နွေရာသီရေမရှားအောင် AA က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ - စစ်တွေမှာ...
December 24, 2024
- ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေမှာ ကြံနဲ့ ပြောင်းကုန်ကြမ်းသီးနှံတွေတင်ပို့ဖို့...