မွန်ပြည်နယ်မှာ ရော်ဘာတစ်ပေါင် ကျပ် ၁၇၀၀ ကျော်နဲ့ဈေးစဖွင့်

မွန်ပြည်နယ်မှာ ရော်ဘာတစ်ပေါင် ကျပ် ၁၇၀၀ ကျော်နဲ့ဈေးစဖွင့်

မွန်ပြည်နယ်ရဲ့ အခုနှစ်ရော်ဘာရာသီအစမှာ ရော်ဘာတစ်ပေါင်ကို ကျပ် ၁၇၀၀  ကျော်နဲ့ ဈေးဖွင့်ထားတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိတဲ့ မွန်ပြည်နယ်ဟာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ်စက်တင်ဘာလအလယ်ကနေ မေလကုန်အထိ လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီနှစ်ရော်ဘာရာသီအစမှာတော့ ဒေသတွင်းထွက်ရှိမှုများတဲ့ Local 3 ရော်ဘာ မှိုင်းခံပြားတစ်ပေါင်ကို ကျပ် ၁၇၂၀၊ Local 3 နေလှန်းပြား တစ်ပေါင်ကို ကျပ် ၁၇၀၀၊ RSS 1 အဆင့်ရှိ မှိုင်းခံပြားကိုတော့ ကျပ် ၁၈၄၀ ဝန်းကျင်နဲ့ ဈေးဖွင့်ထားတာပါ။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိရော်ဘာဈေးနှုန်းဟာ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုဖြစ်ပေမယ့် မတည်ငြိမ်တဲ့ဒေသတွေမှာ ရော်ဘာအစေးလှီးဖို့ အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအချိန်မှာ ရာသီအစမှာ ပြင်ဆင်စရာ ပြင်ဆင်တာပဲ ရှိသေးတယ်။ ပြီးရင်ကျွန်တော်တို့က ဒီဈေးနှုန်းက ငြိမ် လား၊ မငြိမ်လားဆိုတာရှိတယ်။ ဒီလောက်ဈေးနဲ့ဆိုရင် သင့်တင့်မျှတသောဈေးလို့တော့ မြင်ပါတယ်ခင်ဗျ။ တောင်သူတွေအတွက်က နာလည်းမနာဘူး၊ သာလည်းမသာဘူးပေါ့ဗျာ။ ဒီအနေအထားအတိုင်းဆိုရင်တော့ ဘာမှတော့ သိပ်ပြောစရာမရှိပါဘူး။ တချို့နေရာမှာတော့ အစေးလှီးလို့ရတဲ့နေ ရာတွေမှာ အင်တိုက်အားတိုက် အစေးလှီးဖို့ ပြင်ဆင်နေတာကို တွေ့ရတာပေါ့။ တချို့နေရာတွေက တော့ အစေးလှီးလို့မရတဲ့အခါကျတော့ တိတိကျကျကို မသွားရဲတဲ့နေရာတွေလည်း ရှိကောင်းရှိလာနိုင်တာပေါနော်။ ပြီးခဲ့တဲ့နှစ်လိုပဲ ဒီအခြေအနေကို စောင့်ကြည့်ပြီးတော့မှ လုပ်ရမယ့်အနေအထားတစ်ခုတော့ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ရော်ဘာခြံရှင်တွေဟာ ရော်ဘာခြံလုပ်ငန်းတွေ ပြန်စဖို့အတွက် ကျွမ်းကျင်လုပ်သားတွေ လိုက်လံခေါ်ယူနေ ပေမယ့် လုပ်သားရှားပါးမှုပြဿနာနဲ့ကြုံတွေ့နေရသလို တချို့ခြံတွေက လုပ်သားခေါ်လို့မရသေးတာကြောင့် ခြံပြင်ဆင်မှုတွေ မလုပ်နိုင်သေးဘူးလို့ ရော်ဘာစိုက်တောင်သူတွေက ဆိုကြပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း အခုနှစ်ရော်ဘာရာသီမှာ ကုမ္ပဏီတွေအပြင် ဝယ်လက်တွေဘက်က ကြို တင်မှာယူမှုတွေ မရှိသလောက်နည်းပါးနေပြီး ဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် အေးနေတယ်လို့ ပြောပါတယ်။

“အရင်ကဒီအချိန်ဆိုရင် အရောင်းအဝယ်တွေ စနေပြီ။ ကြိုပွိုင့်တွေချ၊ အမြင်တွေဝယ်နေပြီ။ ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေပြီ။ ဒီနှစ်က ဘယ်ကုမ္ပဏီမှလည်း မဆက်ဘူး။ ဘယ်ဝယ်လာက်မှလည်း မဆက်ဘူး။ ကြိုပွိုင့်ချသံလည်း သိပ်မကြားဘူး။ အခုက ကြိုပွိုင့် က တပိုင်တနိုင်ဝယ်ရောင်းလုပ်တဲ့သူတွေလောက်ပဲ ချပြီးတော့ တကယ့် ကုမ္ပဏီပိုင်း၊ သူဌေးပိုင်းတွေက မချဘူး။ သူတို့ဘာကြောင့် မချလဲဆိုတာ မသိဘူး။ အရောင်းအဝယ် ဖြစ်နေလို့ ရှိရင်လည်း မနှစ်က လှောင်ထားသမားတွေလောက်ပဲ အရောင်းအဝယ်ရှိနေတာ။ ခြံရှင်တွေလက်ထဲမှာတော့ ရော်ဘာမရှိတော့ဘူး” လို့ ပြောပါတယ်။

ရော်ဘာဈေးကွက်အတွင်း လက်ကျန်ရော်ဘာတွေကို ထိုင်းနဲ့တရုတ်နိုင်ငံတွေက ဝယ်ယူမှုအနည်းငယ် ရှိနေပေ မယ့် လုံခြုံရေးအခြေအနေနဲ့ စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် အခက် အခဲရှိနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုကုန်ပစ္စည်းတွေ ဈေး နှုန်း အဆမတန် မြင့်တက်လာတာ၊ လုပ်အားခအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရတာပါ။

မွန်ပြည်နယ်ဟာ နှစ်စဉ်ဟာ ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေ ကိုတော့ တရုတ်နိုင်ငံကို အများဆုံး တင်ပို့ရောင်းနေတာ ဖြစ်ပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...