မုန်းမြို့နယ်ရှိ ကျေးရွာများ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

မုန်းမြို့နယ်ရှိ ကျေးရွာများ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် တွင် ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသော ငထွေစုတ်ကျေးရွာနှင့် အနီးရှိကျေးရွာများ ထပ်မံ၍ လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မုန်းမြို့နယ်အတွင်းက ကျေးရွာများကို စက်တင်ဘာလ ၁၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မုန်းမြို့နယ် ကရင်၊ ဗမာ မျက်ရဲကျေးရွာနှင့် ငထွေစုတ်ရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်စဥ် ငထွေစုပ်ကျေးရွာမှ ဒေသခံတစ်ဦးသေဆုံး၍ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးကာ အဆိုပါ ကျေးရွာအပါအဝင် အနီးရှိကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ အချိန်ထိ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ထိုစစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာယူရန် ရွာရှိနေအိမ်များသို့ ခေတ္တပြန် နေသည့်အချိန်တွင် ငထွေစုတ် ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ထပ်မံလုပ်ဆောင်ခဲ့ သဖြင့် ထိခိုက်မှုရှိနေနိုင်သည်ဟု မုန်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ငထွေစုတ် တကြောက ရွာတွေတော်တော်များများ ပထမတစ်ခေါက် ဖြစ်ကတည်းက ပြေးကြတာ။ လေယာဥ် လာပစ်တာရော လက်နက်ကြီးတွေပါ ထုနေတော့ ဒီရက်ပိုင်းမှာ ရွာပြန်နေတဲ့သူမရှိဘူး။ ဒါပေမဲ့ ဒီနေ့မနက်ပဲ ငထွေစုတ်ရွာက လူတွေဆန်တို့ ဆီတို့ ပြန်ယူကြတာရှိတယ်။ လေယာဥ်လာပစ်တုန်းပဲ ဘယ်သူတွေ ဘယ်လို ထိ ခိုက်သွားလဲ‌ မသိရသေးဘူး။ ထိခိုက်တော့မှုရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဩဂုတ်လ (၃၁) ရက်နေ့က သစ်ချဆိပ်စခန်း တိုက်ပွဲပြီးနောက်တွင် ညောင်လေးပင် ခရိုင် အတွင်းရှိ ကျေးရွာများအား လေကြောင်းဖြင့် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သလို ယခုကဲ့သို့ တိုက်ခိုက်ခံရမှုသည်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း “လေယာဥ်တစ်စီးထဲနဲ့ လာကြဲတာ ဗုံးကြဲချတာလည်း ပါတယ်။ စက်သေနတ်လည်း ပါတယ်နဲ့တူတယ်။ စက်သေနတ်ပစ်သံလိုလို အသံတွေလည်း ကြားရတယ်။ လေယာဥ်သံ ကြားကတည်းက ကျနော့် တူမတစ်ယောက်ကို လှမ်းပြောလိုက်သေးတယ်။ လုံခြုံတဲ့နေရာရောက်ကြရဲ့ လားမသိ ဘူး။ အခုမနက်လေးတင် ဖြစ်တာလေ ထိတာခိုက်တာတော့ မသိရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မျက်ရဲကျေးရွာလမ်းဆုံမှ ငထွေစုတ်ကျေူရွာသို့ လာရာ လမ်းတစ်လျှောက်သို့ တပ်အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ထပ်မံရှိလာနိုင်မည့် အရေး စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများကလည်း ပြောဆိုထားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ဆယ်လုံး ထက်မနည်းသည် အဆို ပါ ငထွေစုတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း မြေပြင်သတင်းအရင်းအမြစ်များက ပြော သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များမှ စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းအား တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲရက်များတွင် လေကြောင်း ပစ်ကူမှုနှင့် လက်နက်ကြီးရန်များကြောင့် အနီးဝန်း ကျင်ရှိ ကျေးရွာပေါင်း (၂၆) ရွာမှ လူထုများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေး ရှောင်ဦးရေသည်လည်း ၂ သိန်းကျော်ရှိလာခဲ့ကြောင်း ကေအဲန်ယူနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန် ပြောဆိုမှုအရ သိရသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...