စစ်ကောင်စီ ဖမ်းဆီးသွားသူ ၄ ရက်မြောက်တွင် သေဆုံး

စစ်ကောင်စီ ဖမ်းဆီးသွားသူ ၄ ရက်မြောက်တွင် သေဆုံး

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက ဖမ်းဆီးသွားသူ ဦးအောင်မြင့်စိုးသည် ၄ ရက် အကြာတွင် သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှ ဦးအောင်မြင့်စိုးကို လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စခန်းမှူးအား လက်ပစ်ဗုံးနှင့် ပစ်သည့်ခဲ့သည့် လူငယ်များ လွတ်မြောက်သွားပြီးနောက် ဖမ်းဆီးခံ ရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများကပြောသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “ဖမ်းသွားပြီး ၄ ရက်‌ မြောက်နေ့မှာ လာပြီး အကြောင်းကြားတာ သေသွားပြီလို့ အလောင်းတော့ ပြန်မရသေးဘူး” ဟု ပြောသည်။

ဦးအောင်မြင့်စိုးသည် အမှတ် ၄ ရပ်ကွက် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌ ဖြစ်‌သော်လည်း အေးအေးဆေးဆေး နေထိုင်သူ တစ်ဦးဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးသွားစဉ်က ကျန်းမာရေး ကောင်းမွန်ကြောင်း အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။

ပြီးခဲ့သော ဩဂုတ်လ ၃၀ ရက်နေ့ညက အသုတ်မြို့၊ မိုးစက်ဝတီ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စခန်းမှူး  လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရသော်လည်း ဗုံးပေါက်ကွဲခြင်း မရှိခဲ့ပေ။

ထို့အပြင် ဗုံးနှင့်ပစ်သူများကို စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက သေနတ်ဖြင့်ပစ်ခတ်ကာ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသည်ဟု မြို့ခံအချို့က ပြောသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “NLD  ပါတီကဆိုတော့ အဲဒီအမှုနဲ့ ပတ်သက်ဆက်နွယ်မှု ရှိမယ်အထင်နဲ့ အဲ့ဒီညထဲ က လာဖမ်းသွားတာ။ စစ်မေး ရင်းနဲ့ လက်လွန်သွားတာဖြစ်မယ်။ အခုကာလက လူ့အသက်တစ်ချောင်းဟာ ကြက်တစ်ကောင် ငှက်တစ်ကောင် လောက်တောင် တန်ဖိုးမရှိဘူး” ဟု ပြောသည်။

ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဦးအောင်မြင့်စိုးနှင့်အတူ အသုတ်မြို့မှ အခြားလူငယ် ၇ ဦးကိုလည်း စခန်မှူး ဗုံးဖြင့် ပစ်ခတ်သည့် ကိစ္စတွင် သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ )လမ်းတွင် နေထိုင်သော ကိုထူး ဝေအောင်ကို ခိုးမှုဖြင့် မသင်္ကာဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးသွားပြီး နှိပ်စက်မှု ကြောင့် သေဆုံးသွားခဲ့သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...