မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရသည့် သတင်းအချက်အလက် ပေါက်ကြားမှုကိစ္စ ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံနေရ

မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရသည့် သတင်းအချက်အလက် ပေါက်ကြားမှုကိစ္စ ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံနေရ

ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဥ်နှင့် ပတ်သက်၍ သတင်းအချက်အလက် ပေါက်ကြား မှုများ ဖြစ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံရသည်။

ရဲကြေးနန်းပေါက်ကြားမှု၊ တယ်လီဖုန်းအသံဖိုင် ပေါက်ကြားမှု၊ ဓာတ်ပုံ အချက်အလက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးနှင့် မြို့နယ်၊ ခရိုင်ရဲ စခန်းများမှ ရဲတပ်ဖွဲ့ဝင်များအား စစ်ကြောခံနေကြရသည်ဟု ပြည်နယ် ရဲတပ်ဖွဲ့နှင့် နီး စပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

ပြည်နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်က “ဒရုန်းချခံရတယ်။ ပေါက်ကွဲတယ်။ ခေါင်းပေါင်းတွေ (အရာရှိတွေ) သေတယ်၊ ဒဏ်ရာပြင်းထန်တယ်။ အဲ့ဒီကိစ္စ တွေကိုကြေးနန်းထွက်တာ၊ ဖုန်းသတင်းပို့တာ၊ ဖြစ်စဥ် ဓာတ်ပုံတွေ ပို့တာမှာ အပြင်အဖွဲ့တွေ၊ မီဒီယာတွေပေါ်ကို နာရီပိုင်းအတွင်း ပျံ့နှံ့ကုန်တာနဲ့ ပတ်သက်ပြီး မနေ့က ဆိုရင် တစ်နေကုန်ပြည်နယ်ကနေ စစ်ဆေး ကြိမ်းမောင်း နေတာ ဖရဲသီးစစ်ဆင်ရေးပေါ့။ ရအောင်ဖော်မရရင် အရေးယူမယ်၊ ရာထူးပြုတ်မယ်ပေါ့။ ပြည်နယ် အဆင့်တွေက ကြိမ်းမောင်းနေတယ်။ မြို့နယ်/ခရိုင် စခန်းတွေ ကို ပေါ့” ဟု ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့ညက မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဘက်မှ ဒရုန်းဗုံးချ တိုက်ခိုက်မှုကြောင့် ခရိုင်အဆင့် စစ်ဘက်၊ အရပ်ဘက် အရာရှိများ အပါ အဝင် ၆ ဦး အထိသေဆုံးပြီး ၁၀ ဦးဒဏ်ရာရသည့် ဖြစ်စဥ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာ များထံသို့ ပေါက်ကြားပျံ့နှံ့ခဲ့သည့် အတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့လက်အောက်ခံ မြို့နယ်/ခရိုင်တပ်ဖွဲ့ဝင်များ အား စိစစ်စစ်ကြောနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

KNLA ပူးပေါင်းတပ်များ မြဝတီ ခရိုင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်ဘက်က လေကြောင်း၊ လက် နက်ကြီးများဖြင့် လက်ခတ်တောင်ဘက်ကို ပြန်လည်ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို မြဝတီမြို့ စစ်ကောင်စီတပ်စွဲ ထားသည့်နေရာများအား ထပ်မံတိုက်ခိုက်မည် ဖြစ်သည့်အတွက် ဝန်ထမ်းမိသားစုများ ရွှေ့ ပြောင်းနေထိုင်ကြရန် KNLA ပူးပေါင်း ဒရုန်းတပ်ဖွဲ့များကလည်း သတိပေး သတင်းထုတ်ပြန်ထားသည်။

မြဝတီရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်တစ်ခုက “မြဝတီရဲတွေကတော့ နယ်ပြောင်းတွေ၊ မိသားစု တွေ ရှိကြတယ်။ သူတို့ကတော့ နေရာပြောင်းဖို့ မရှိတော့ ဆက်နေနေကြတယ်။ မြို့ခံ၊ နယ်ခံထဲက ရဲမိသားစုတွေ ကတော့ ရပ်ကွက်တွေထဲက အိမ်တန်းလျားတွေ၊ ပြောင်းနေတယ်။ အရာရှိမိသားစုတွေကတော့ နီးစပ်ရာ တည်း ခိုခန်းတို့ BGF ဂိတ်ဝင်းထဲက တိုက်ခန်းတန်းလျားဘက်တို့ပြောင်း နေကြတယ်။ ရဲတွေကတော့ ဘယ်မှ ပေး မထွက်ဘူး။ စခန်းမှာ အသင့်အနေအထားပဲ ရှိနေရမယ် ပြောထားတယ်” ဟု ပြောသည်။

လတ်တလောတွင် ဒရုန်းဗုံးချ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်သည့် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင် ထက်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပုဂ္ဂလိက ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် တင်ပို့ကုသနေရပြီး ကျန်ထိခိုက်ဒဏ်ရာရထားသည့် ရဲတပ်ဖွဲ့ဝင်များအား မြဝတီမြို့ ဆေးရုံကြီးတွင် ကြပ်မတ် ကုသပေးနေသည်။

အဆိုပါ ဖြစ်စဥ်အတွင်း သေဆုံးသွားကြသည့် စစ်ကောင်စီ လက်အောက်ခံ မြဝတီခရိုင်အဆင့် စစ်ဘက်၊ နယ် ဘက် အရာရှိ၊ အကြပ်၊ အခြားအဆင့် ဝန်ထမ်း အပါအဝင် လူ ၆ ဦး၏ အသုဘအခမ်းအနား ပြုလုပ် သင်္ဂြိုဟ် မည် ဖြစ်သည့်အတွက် မြဝတီမြို့တွင်း လုံခြုံရေး တိုးမြင့်ချထားကာ စစ်ဆေးစောင့်ကြည့်မှုများ လုပ်ဆောင်နေ ကြောင်း မြဝတီမြို့ခံများ ပြောဆိုမှုများအရ သိရသည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...