ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် ၇၀၀၀ ခန့်ကို လက်ခံသွားမည်ဟု စစ်ကောင်စီပြော

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် ၇၀၀၀ ခန့်ကို လက်ခံသွားမည်ဟု စစ်ကောင်စီပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဒုက္ခသည်များပြန်လည်လက်ခံရာတွင် ယခုနှစ်အတွင်း လူဦးရေ ၇၀၀၀ ခန့်လက်ခံ သွားမည်ဟု စစ်ကောင်စီ၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က ပြောသည်။

“စခါစမှာတော့ Pilot Project အနေနဲ့ နည်းနည်းလက်ခံပြီးတော့ တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေကို လုပ်သွားရင်း၊ လုပ်သွားရင်းနဲ့ ပိုကောင်းသည်ထက်ကောင်းအောင်လုပ်သွားမယ်။ ကူမင်းသဘောတူညီချက်အရ ဒီနှစ်အတွင်း လူ ၇၀၀၀ ကိုလက်ခံဖို့ရှိပါတယ်။လက်ခံနိုင်ဖို့အတွက်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု ပြောသည်။

ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအတွက် မောင်တောဒေသတွင် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင် ထားသည်များကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံသံရုံး ၁၆ ခုမှ အကြီး အကဲများနှင့် သံတမန်များကို စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် သွားရောက်ပြသခဲ့သည်။

အဆိုပါခရီးစဉ်နှင့်စပ်လျဉ်း၍ စစ်ကောင်စီ၏ ယနေ့ စက်တင်ဘာလ ၅ ရက်ထုတ်သတင်းစာထဲတွင် အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်က ယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာမည့် ဒုက္ခသည်များအား လုံခြုံရေးအရ စိစစ်မှု၊ လူဝင်မှုကြီးကြပ်ရေးမှ စိစစ်ပြီး e-ID စိစစ်မှုပြီးပါက နိုင်ငံသားဖြစ်မှုစိစစ်ကတ်များထုတ်ပေးသွားမည်ဟု ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ယနေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများ တွင် ပြောဆိုသည်။

ဝင်ရောက်လာသူများအား ၎င်းတို့ဝင်ရောက်လာသည့် ပြန်လည်လက်ခံရေး စခန်းများတွင် ယာယီထားပြီး လူစု မိပါက လှဖိုးခေါင်ကြားစခန်းတွင်ထားမည်ဟု ဆိုသည်။

ကြားစခန်းတွင် ရက်သတ္တပတ်သို့ တစ်လ၊ နှစ်လကြာနိုင်ပြီးနောက် အမြဲတမ်းအခြေချမည့် နေရာများသို့ ပြောင်း ရွှေ့ရမည်ဟု  ဦးကိုကိုလှိုင်က ပြောသည်။

“ဒီကြားစခန်းမှာနေပြီးရင် အမြဲတမ်းအခြေချမယ့်နေရာကို သူတို့ကပြောင်းရွှေ့ကြရမယ်။ အမြဲတမ်း အခြေချ မယ့် နေရာမှာဆိုရင်လည်း သူတို့အတွက် အခုလောလောဆယ်မှာ ရွာပေါင်း ၂၀ လောက်ကို ၂၅ ပေ၊ ပေ ၆၀ အကွက်ရိုက် ရှင်းလင်းပေးထားတာ ရှိပါတယ်။ ဒါတွေကတော့ ရွာသစ်လေးတွေ ဖြစ်လာပါမယ်။ ဒီရွာသစ်တွေ ကိုလည်း မူလနေထိုင်တဲ့ရွာအဟောင်းတွေနဲ့နီးစပ်တဲ့ နေရာတွေမှာ ပြန်ချပေးမယ့်အနေအထားရှိပါတယ်” ဟု ပြောသည်။

ပြန်ဝင်လာမည့် ဒုက္ခသည်များကို စစ်ကောင်စီဘက်က ၃ လစာစားရေးသောက်ရေးထောက်ပံ့ပေးမည်ဖြစ်ပြီး ထို ကာလကျော်လွန်ပါက မိမိကိုယ်တိုင်ရပ်တည်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဆက်ပြောသည်။

“ငါးဖမ်းတဲ့လူတွေအတွက်ဆို ငါးဖမ်းကိရိယာတွေ၊ လှေတို့၊ ပိုက်တို့၊ စိုက်ပျိုးမယ့်လူတွေဆိုရင် မျိုးစေ့၊ မြေဩ ဇာ၊ ထွန်၊ ထယ်၊ လယ်ထွန်စက်၊ ရေစုပ်စက်စသဖြင့် ဒါမျိုးတွေကိုလည်း ကျွန်တော်တို့ကပံ့ပိုးပေးရမယ်။ လော လောဆယ် သုံးလတာလောက် စားဖို့သောက်ဖို့အတွက် ပံ့ပိုးနိုင်တယ်။ အဲဒါပြီးရင်တော့ ကိုယ့်ဘာသာကိုယ် ရပ် တည်ရမယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုကို   ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် တစ်စုံတရာဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်နေပါက အောင်မြင်မှုရရှိနိုင်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ရသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံနိုင်ရေးအတွက် စစ် ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။

Most read this week

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...