ရွှေကျင်တွင် နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ရွှေကျင်တွင် နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ရွှေကျင် မြို့ နယ်၊ ပျဥ်ရေကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်မှုကြောင့် နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာသားအမိ ၂ ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ (၁၂၀ မမ) အမျိုးအစား လက်နက်ကြီး များဖြင့် ၃ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ် သူ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး ကျန်မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ ကြောင်း ကေအဲန်ယူ-ဗဟိုကလည်း သတင်း ထုတ်ပြန်ထားသည်။

ဩဂုတ်လ (၂၉)ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ “မိသားစုငါးယောက်နေတဲ့ အိမ်တစ်အိမ်ပေါ်ကို ကျတာ။ ကလေးမလေးက ခေါင်းထိပြီး ပွဲချင်း ပြီးဆုံးတယ်။ သူ့အမေကတော့ ခါးကိုထိတာ ဆေးရုံရောက်မှဆုံးတယ်။ စစ်တပ် က နေ့တိုင်း လက်နက်ကြီးနဲ့ စိတ်မထင်ရင် မထင်သလို လှမ်းလှမ်းထုတယ်။ နှစ်ဖက်စလုံး တိုက်ပွဲက လည်း ဖြစ်နေတာပဲ လက်ရှိကတော့ အဲဒီပျဥ်ရေကြီးရွာက ဒေသခံတွေကတော့ ရွာမှာမနေတော့ဘူး ပြေးကုန်ပြီ” ဟု ရွှေကျင်မြို့ခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဥ်ရေကြီးကျေးရွာအတွင်း ရှိ ဒေသခံ နေအိမ်(၅) လုံးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များသည် မြို့အထွက်တွင် နေရာယူ၍ အနီးရှိ ညောင်လေးပင် မြို့နယ် ဘက်သို့လည်းကောင်း၊ ညောင်လေးပင်၊ ပုဇွန်မြောင်း တွင် ခြေကုပ် ယူထားသော စစ်ကောင်စီတပ်များက ရွှေ ကျင်မြို့နယ်ဘက်သို့လည်းကောင်း မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် အချို့ကျေးရွာ မှ ဒေသခံများ လက်ရှိအချိန်ထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းကလည်း ခလရ-၂၆၄ မှ ရွှေကျင်မြို့နယ်၊ ချုံအင်းကျေးရွာ၊ ဝက်ချဲကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် တိုင်တိုင် ပစ် ခတ်သဖြင့် ရေတွင်းကုန်းကျေးရွာရှိ နေအိမ်(၁)လုံး ထိခိုက် ပျက်စီးခဲ့သေးသည်ဟု ကေအဲန်ယူ ၏ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

အလားတူ ကေအဲန်ယူအုပ်ချုပ်နယ်မြေ၊ မုန်းမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်းက လက်တပ်ကြီး ကျေးရွာသို့ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် အသက် (၂၇)နှစ် အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်(၃)ခုလုံးတွင် စစ်ကောင်စီတပ်များ၏ မကြာခဏ စစ်ကြောင်း ထိုး ဝင်ရောက်မှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရ ခြင်း အပါအဝင် စစ်ကောင်စီ၏ အရပ်သားများအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံ သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသည့် ကရင်လူမှုအဖွဲ့ အစည်းများက ပြောဆိုသည်။

Photo: KNU

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...