မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ နိုင်ဟံသာ တိုက်တွန်း

မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ နိုင်ဟံသာ တိုက်တွန်း

မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA) ရေရှည် တည်တံ့ခိုင်မြဲ ရေးအတွက် မွန်တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်သွားကြရန် ပါတီဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းလိုက်သည်။

ဩဂုတ် ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်တိုင်းရင်းသားများ၏ ဝါရင့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုး သား လွတ်မြောက်ရေး တပ်မတော် (MNLA) ဖွဲ့စည်းတည်ထောင်ခြင်း ၅၂ နှစ်ပြည့်အတွက် နိုင်ဟံသာ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ဟံသာက ‘နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက လာတယ်’ ဆိုသည့် စကားကို မှတ်သားထားရမှာဖြစ်ပြီး မွန်တပ်ဖွဲ့များမရှိခဲ့သည့် အချိန်တုန်းက မွန်လူမျိုး အခွင့်အရေးအတွက် တောင်းဆိုခဲ့ရာတွင် တစ်ခုမှမရခဲ့ဘူးဟု ဆိုသည်။

မွန်နှင့် ဗမာအတူတူပဲဆိုကာ ဖယ်ကျဉ်ခံရပြီး မွန်တပ်ဖွဲ့များ ပေါ်လာသည့် အခါမှသာ မိမိတို့ လူမျိုးအခွင့်အရေး အနည်းငယ်ရရှိလာခြင်း ဖြစ်ကြောင်း တပ်အင်အားကြီးပြီး လက်နက်တောင့်တင်းလာသည့် အချိန် တပ်ပေါင်းစု အနေဖြင့် တိုက်ပွဲဖော်ဆောင်မှု ခရီးရောက်လာချိန်မှသာ မွန်ပြည်နယ် ပေါ်ပေါက်လာခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

ထို့အပြင် မိမိတို့မွန်လူမျိုးများမှာ စီးပွားရေးလုပ်ဆောင်ရန်ကိုသာ အာရုံစိုက်လွန်းခဲ့သည့်အတွက် မိမိတို့ပိုင် ဆိုင်မှု အမွေအနှစ်ရေမြေ များစွာဆုံးရှုံးခဲ့ရသည်ကိုလည်း ပြန်လည်ဆန်းစစ် သတိချပ်ဖို့ကို နိုင်ဟံသာက တိုက် တွန်းထားသည်။

ထို့ကြောင့် မိမိတို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ကို ဝိုင်းဝန်းကူညီအားပေး လုပ်ဆောင် သင့်သလို အမျိုးသား၊ အမျိုးသမီးမရွေး ကာလအပိုင်းအခြားနှင့် မိမိတို့လူမျိုး၏ တပ်ဖွဲ့ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်ကြဖို့ သဝဏ်လွှာမှာ နှိုးဆော်ထားသည်။

မွန်ပြည်သစ်ပါတီ အနေဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးမူကို ဆုပ်ကိုင်ထားဆဲ ဖြစ် သည်ဟု တရားဝင်ထုတ်ပြောထားပြီး နိုင်ဟံဟာ၏ သဝဏ်လွှာထဲတွင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာ သော တော်လှန်ရေးကိုမူ ထုတ်ပြောထားခြင်းမျိုး မတွေ့ရပေ။

၁၉၇၀ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ အပါအဝင် KNU နှင့် ဝန်ကြီးချုပ်ဟောင်းဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး တပ်ပေါင်းစု (တညလ) ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် မွန်ပြည်သစ်ပါတီကို ဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်များ အင်အားကောင်းလာပြီး ၁၉၇၁ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ကို ဖွဲ့စည်းတည် ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင်မူ မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ တကျော့ပြန် နိုင်ငံ့အာဏာ သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် မွန်ပြည်သစ်ပါတီတို့ နေပြည်တော် တွင် ၆ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးထားသည်။

Most read this week

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...