ခင်ဦးတွင် စစ်ကြောင်း နှစ်ကြောင်းထိုး၊ ထောင်နှင့် ချီသော ဒေသခံများ ထွက်ပြေး

ခင်ဦးတွင် စစ်ကြောင်း နှစ်ကြောင်းထိုး၊ ထောင်နှင့် ချီသော ဒေသခံများ ထွက်ပြေး
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်း နှစ်ကြောင်း တပြိုင်တည်း ဝင်ရောက် လာ သောကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရသည်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ထိုးဝင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှစ်ကြောင်းကြောင့် ကနဦးသတင်း များအရ ဒေသခံ ၈၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန် ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့မြို့နယ်မှာက မနေ့က ရွှေဘိုလေ့ကျင့်ရေးကနေပြီးတော့ ကျနော်တို့မြို့ပေါ်ကိုရောက်လာတဲ့ အင် အား ၁၀၀ ကျော်ပါ ခမရ ၃၆၁ စစ်ကြောင်းက ခင်ဦးမြောက်ဘက်ကို ညကတည်းက ထွက်တာပေါ့နော်။ ပစ် တိုးတိုးပြီး ထွက်တာပေါ့နော်။ မနက်ခင်းမှာ ခင်ဦးမြောက်ဘက်ကို ထွက်တယ်။ ထွက်တဲ့အခါမှာ ခင်ဦး မြောက် ဘက်မှာ ရှိတဲ့ ရွာတွေပေါ့နော် တိမ်းရှောင်ရတယ်ပေါ့နော်။ တိမ်းရှောင်ရတဲ့အနေအထားမှာ အဲ့ဒီ စစ်ကြောင်းက အခုလောလောဆယ် လတ်တလောပေါ့နော် နားတောင်းလှပျူရွာထဲကို ရောက်သွားပြီပေါ့နော်။ ရောက်သွားတဲ့ အတွက် အဲ့ဒီခင်ဦးမြောက်ခြမ်းက တိမ်းရှောင်ရတဲ့ ဒေသခံ ၃၀၀၀ လောက်က ကိုယ့်နေရပ်ကို ပြန်ဖို့ လုပ်နေ ကြတယ်ပေါ့နော်။”

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းမှာ ခင်ဦးမြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က စပြီး တစ်ပြိုင်တည်း ခြေလျင် စစ်ကြောင်းထိုးလာခြင်းဖြစ်ရာ အစောပိုင်းတွင် ဒေသခံ ၈၀၀၀ ကျော်ခန့် ဘေးလွတ်ရာ ကို ထွက်ပြေးခဲ့ရသည်။

ထိုသို့ ထွက်ပြေးနေရသူများအနက် ပြည်သူ ၃၀၀၀ ကျော်မှာမူ ၎င်းတို့ ရပ်ရွာများမှ စစ်သားများက အခြားဘက် သို့ ထွက်ခွာရန်ပြင်ဆင်နေသောကြောင့် နေရပ်ကို ပြန်နိုင်ရေး စောင့်ကြည့်နေကြသည်ဟု ဆိုသည်။ သို့သော် ကျန် ၅၀၀၀ ကျော်မူ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်ထိ နေရပ်ကို ပြန်၍ မရသေးဘူးဟု ကူညီ ပေးနေ သူတစ်ဦးက ပြောသည်။

“ဒါပေမယ့် ခင်ဦးအနောက်တောင်ခြမ်းပေါ့ ကျနော်တို့ ရေဦးကနေ ထွက်လာပြီးတော့ ရွှေဘိုနယ်မြင်းစီးရွာကို ရောက်နေတဲ့စစ်ကြောင်းကတော့ ရေဦးဘက်ကို ပြန်ခေါက်တာပေါ့နော်။ ခေါက်တဲ့အနေအထားမှာ ခင်ဦးနယ် ကို ဖြတ်ဖောက်ရမှာဖြစ်တဲ့အတွက် ခင်ဦးနယ် အနောက်တောင်ခြမ်းပေါ့နော်၊ အောင်သာကျေးရွာဆိုတဲ့ဘက်ကို ရောက်နေတာပေါ့နော်။ အောင်သာကျေးရွာထဲ ရောက်နေတဲ့အတွက် ဘေးနားဝန်းကျင်မှာ ကျေးရွာ ၇ ရွာ လောက်က ဒေသခံ ၅၀၀၀ ကျော်မှာပေါ့နော် လက်ရှိအနေထိ မပြန်ရသေးဘဲနဲ့ တိမ်းရှောင်နေရတုန်းဖြစ်တယ် ပေါ့နော်။”

စစ်ကြောင်း နှစ်ကြောင်းအနက် တစ်ကြောင်းက ခင်ဦးမြို့ပေါ်ကို ဩဂုတ်လ ၂၄ ရက်နေ့ ရောက်ရှိလာသည့် ခမရ ၃၆၁ က စစ်ကြောင်း ဖြစ်ပြီး၊ ခင်ဦးမြို့ပေါ်မှ ပင်တင်းကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာ၍ အဆိုပါ ပင်တင်းကျေးရွာက ဒေသခံများ အပါအဝင် အနီးဝန်းကျင်ရှိ အခြားကျေးရွာ ၃ ရွာက ဒေသခံများပါ ဘေးလွတ် ရာကို ထွက်ပြေးခဲ့ရသည်။

ထို့အပြင် အခြားသော ခြေလျင်စစ်ကြောင်းတစ်ကြောင်းမှာမူ ရွှေဘိုနယ် မြင်းစီးပျူကျေးရွာကို ရောက်ရှိလာ ပြီး နောက် ရေဦးကနေ ထွက်လာသည့် အင်အား (၁၀၀)ကျော်ပါ စစ်ကြောင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့အထိ ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာမှ ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ အခြားကျေးရွာများဆီ လက်နက် ကြီး/ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးလက်နက်ငယ်ကို မတရားရမ်းပြီး သုံးတာကို။ သုံးတဲ့အတွက် ဘေးလွတ်ရာ ကိုတော့ ရှောင်ရတာကို။ တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ။ သူတို့အခု ရောက်နေတဲ့ အောင်သာ ကျေးရွာထဲတော့ သူတို့ ကျေးရွာထဲမှာရှိတဲ့ နွားတို့ပေါ့ နော် ကြက်ဝက် စတဲ့တိရိစ္ဆာန်တွေကို ပြည်သူပိုင်တွေကို ခိုးယူစားသောက်နေတာတွေ ရှိတယ်လို့တော့ သိရ တယ်ပေါ့နော်” ဟု ပြောသည်။

ခင်ဦးမြို့နယ်ထဲ လက်နက်ကြီး/ငယ်များ ပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ရွှေဘို-ခင်ဦးနယ်စပ် ကြာပင် အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမာတော်အစရှိသည့် ကျေးရွာများက ဒေသခံ (၅၀၀၀) ကျော်က ဘေး လွတ်ရာ တောတောင်များထဲနှင့် အခြားရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် စစ်ရှောင်ခဲ့ကြရသည်။

ခင်ဦးမြို့နယ်ထဲ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း တစ်ကြိမ်စစ်ကြောင်းထိုး ဝင်ရောက်လာမှု ရှိခဲ့သည့်အပြင် ဩဂုတ်လ ၂၅ ရက်နေ့တွင်ပါ ထပ်မံဝင်ရောက်လာခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာများထဲ ယခုလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း စစ်ကြောင်းထိုးလာမှုမှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်စား သောက်ရန်လည်း အဆင်မပြေဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...