အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် NUG၊ CRPH နှင့် PDF များအနေဖြင့် အကြမ်းဖက် လုပ် ရပ်များကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသည့် ကမ္ဘာသိ ကြေ ညာချက်ကို ထုတ်ပြန်မှသာ တွေ့ဆုံဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားဖို့ဆိုရင် ပထမဦးဆုံးက နိုင်ငံတော်အစိုးရ အနေနဲ့ အကြမ်းဖက် လို့ ကြေညာထားတဲ့ လူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားစရာ အကြောင်း မရှိပါဘူး။ တွေ့ဆုံဆွေး နွေးရေး လမ်းကြောင်းသွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့သူတွေကို နံပါတ် ၁ ကမ္ဘာသိ အကြမ်းဖက် လုပ်ရပ်များကို မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံချက်လိုပါတယ်။ နံပါတ် ၂ အကြမ်းဖက် လုပ်ရပ် တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာချက်လိုပါတယ်။”
NUG၊ CRPH၊ PDF များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များကို မစွန့်လွှတ်ပဲ ဆက်လက် လုပ်ဆောင်နေမည်ဆို ပါက တွေ့ဆုံ ဆွေးနွေးမည့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာ မဟုတ်ကြောင်း စစ်ကောင်စီက ပြောသည်။
အကြမ်းဖက်အဖွဲ့ဟု ကြောညာခံထားရသည့် NUG၊ CRPH၊ PDF များနှင့် တွေ့ဆုံဆွေးနွေးသွားမည် မဟုတ်သော် လည်း လက်ရှိ လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။
“အကြမ်းဖက်သမားတွေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လျှောက်လှမ်းစရာ အကြောင်း တော့ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ EAOs အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့အတွက် နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတာတွေ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ကိုတော့ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲမသာမှုကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းခဲ့ သည်။
အာဏာသိမ်းပြီးနောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို စတင် ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် မေလ ၅ ရက်နေ့မှာ ပြည် သူ့ကာကွယ်ရေး တပ် PDF ကိုလည်း ဖွဲ့စည်းလာခဲ့သည်။
ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် အာဏာသိမ်း စစ်ကောင်စီက CRPH၊ NUG နဲ့ PDF များသည် အကြမ်းဖက် လုပ်ရပ်များ ကို လုပ်ဆောင်သည်ဟုဆိုပြီး ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။