မွန်ပြည်နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေး စစ်ကောင်စီ မကူညီ

မွန်ပြည်နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေး စစ်ကောင်စီ မကူညီ
ဓာတ်ပုံ- မောရဝတီ
ဓာတ်ပုံ- မောရဝတီ

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှု သဘာဝဘေးဖြစ်စဉ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် စစ်ကောင်စီဘက်က ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ က ဝေဖန်လိုက်သည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လဆန်းပိုင်းကစပြီး မွန်ပြည်နယ်၏ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မ ရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေသောင်းနှင့်ချီ ရေဘေးဒုက္ခကြုံခဲ့ရသည်။

ရေကြီးမှုဒဏ်ကို ဘီးလင်းမြို့နယ်က အဆိုးရွားဆုံးခံခဲ့ရခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ရေအနိမ့်ပိုင်း ရပ်ကွက် များက အိမ်ထောင်စု ၂,၀၀၀ နီးပါး၊ လူဦးရေ ၁၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုထံ ပြောင်းရွှေ့ ခဲ့ကြရသည်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်ထဲ လယ်ဧက ၃၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သည့်အတွက် စိုက်ခင်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင်လည်း တောင်မြေပြိုခြင်း၊ လမ်းပိုင်းအချို့နှင့် နေအိမ် အချို့ ထိခိုက်ပျက်စီးများ ဖြစ်ခဲ့သည်။

သို့သော် “ပြန်လည်နေရာချထားရေးအတွက်ကတော့ ကျွန်တော်တို့ ဒီပရဟိတကပဲ တာဝန်ယူပြီးတော့ ပြန်လုပ် ပေးတယ်။ အစိုးရကသိပ်ပြီးတော့ ဘာမှထောက်ပံ့မှုမရှိဘူး။ ပရဟိတအသင်းတွေပဲ တစ်သင်းနဲ့တစ်သင်း ညှိပြီး တော့ အကူအညီတောင်းပြီးတော့ ကူညီဆောင်ရွက်ရတယ်။ အခုမြို့နယ်က ထောက်ပံ့တာတော့ရှိတယ်။ ပြည် နယ်က ထောက်ပံ့တာတော့မရှိဘူး။ မြို့နယ်က ထောက်ပံ့တယ်ဆိုတာက လုပ်ငန်းရှင်တွေဆီက အလှူခံပြီးတော့ ဆန်ကိုတစ်ယောက် တစ်ပြည်နှုန်းတို့၊ နှစ်ပြည်နှုန်းတို့ အဲ့ဒါလေးတွေ ၃-၄ကြိမ်လောက်တော့ ဝေပေးတယ်။ ကျန် တာကတော့ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေပဲ လုပ်ရတာများပါတယ်။ အခုကတော့ နည်းနည်းဘယ်လိုပြောမလဲ အလိုက်သင့်လောက်ပဲ ရှိတယ်။ တော်ယုံတန်ယုံတော့ ဘာမှမရှိပါဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေကြီးမှုကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်သည့်အဖွဲ့က ကယ်ဆယ် ရေးစခန်း နေရာအချို့ကို သွားရောက်ကာ စားသောက်စရာအချို့အား ဟန်ပြလောက်သာ ကူညီပေးခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင်မူ ကူညီပေးမှု မရှိခဲ့ဘူဒဟု ရေဘေးသင့်ပြည်သူများက ပြောသည်။

ရေဘေးသင့်ပြည်သူများသည် စစ်ကောင်စီလက်ထက် အခြေခံစားသောက်ကုန်များ အပါအဝင် ကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေသည့် အတွက် ပြန်လည်ထူထောင်နိုင်ရေး အခက်ကြုံနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။

ရေဘေးသင့်ခဲ့တဲ့ ပြည်သူတစ်ဦးကလည်း “ပြန်လည်ထူထောင်ရေးကတော့ ဘာမှမလာဘူး။ အစိုးရအဖွဲ့က လာ ပေးတာတော့ အခုထိတော့ မရှိသေးဘူး၊ ကျွန်တော်တို့ဘက်မှာ ပြီးသွားတဲ့ကိစ္စမှာဆိုရင်တော့ ကိုယ့်ဘာသာ ကိုယ်ပဲလုပ်ရတာပဲ။ အစိုးရက လာထောက်ပံ့တာတော့ ကျွန်တော်မမြင်မိဘူးလေ။ အခုအခြေအနေက ဘယ်လို မျိုးဖြစ်နေလဲဆိုတော့ အစိုးရနဲ့ ပြည်သူကြားမှာ နည်းနည်းမစည်းလုံးတဲ့ ပုံစံကတော့ နေရာတိုင်းမှာ ရှိတယ်ပေါ့ လေ။ အဲ့ဒီလိုမျိုး အခက်အခဲဆိုတာက သူတို့လည်း အများကြီးမကူညီပေးနိုင်ဘူး။ ဒီဘက်ကလည်း ပြည်သူတွေ ကလည်း အများကြီး မမျှော်လင့်ရဲဘူးလေ။ သူတို့ကို အများကြီးအားမပေးရဲဘူး၊ အဲဒီလိုမျိုးပုံစံတော့ ရှိတာပေါ့ လေ” ဟု ပြောသည်။

ရေကြီးမှုကြောင့် နစ်မြုပ်ပျက်စီးသွားသည့် မိုးစပါးခင်းများကလည်း ကုန်ကျစရိတ် ကြီးမြင့်နေခြင်းကြောင့် ပြန် လည်စိုက်ပျိုးရန် အခက်ကြုံနေရပြီး စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်အထိ မျိုးစပါးပင် ထောက်ပံ့ ပေးခြင်း မရှိသေးဘူးဟု တောင်သူလယ်သမားများက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် မေလတုန်းကလည်း မြန်မာနိုင်ငံထဲ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ် အပါဝင် တိုင်းနှင့်ပြည်နယ် ၇ ခုတွင် လူဦးရေ သိန်းနှင့်ချီ မုန်တိုင်းဒဏ်သင့်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။

အဆိုးဆုံးအနေဖြင့် မုန်တိုင်းသင့်ဒေသများကို အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုရေး အဖွဲ့အစည်းများမှာ စစ်ကောင်စီ၏ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပိုမိုခက်ခဲဖြစ်စေခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ဖော်ပြောဆိုထားသည်။

October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...