Published
Friday, August 11, 2023
နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသားကောင်စီ(မင်းတပ်)ကို ဖွဲ့စည်း
- ချင်းပြည်နယ်မှာ မိုခါဆိုင်ကလုန်မုန်းတိုင်ဝင်ရောက်တိုက်ခတ်ပြီး ၃ လကြာတဲ့အထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးမြို့နယ်တွေမှာ နေအိမ်တွေပြုပြင်တည်ဆောက်ဖို့ အိမ်ဆောက်ပစ္စည်းတွေလိုအပ်နေပါတယ်။
- မင်းတပ်မြို့နယ်မှာ နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် တာဝန်ယူဆောင်ရွက်မယ့် ချင်းအမျိုးသားကောင်စီ(မင်းတပ်)ကို ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
- ဟားခါးမြို့ မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနေအိမ် ၉ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ပြောပါတယ်။