ရခိုင်တွင် အဆိုးဝါးဆုံးရေနစ်မြုပ်ခဲ့သည့် မြို့နယ်သုံးခုတွင် သောက်သုံးရေကန် ၁၀၀ ခန့် ပျက်စီးခဲ့ဟုဆို

ရခိုင်တွင် အဆိုးဝါးဆုံးရေနစ်မြုပ်ခဲ့သည့် မြို့နယ်သုံးခုတွင် သောက်သုံးရေကန် ၁၀၀ ခန့် ပျက်စီးခဲ့ဟုဆို
ကျောက်တော်မြို့နယ် အတွင်း ရေနစ်မြုပ်နေသည်ကို သြဂုတ် ၈ ရက်နေ့က တွေ့ရစဉ်။
ကျောက်တော်မြို့နယ် အတွင်း ရေနစ်မြုပ်နေသည်ကို သြဂုတ် ၈ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် ရေလွှမ်းမိုးမှု အဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့သည့်အတွက် သောက်သုံးရေကန် ၁၀၀ ခန့်အထိ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပျက်စီးသွားခဲ့သည့် သောက်သုံးရေကန်များမှာ ကျောက်တော်မြို့နယ်တွင် ၂၂ ကန်၊ မင်းပြားမြို့နယ်တွင် ၅၀ ခန့်နှင့် မြောက်ဦးမြို့နယ်တွင် ၂၀ ခန့်၊ ကန်စုစုပေါင်း ၁၀၀ ခန့် ရေလွှမ်းပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါမြို့နယ် သုံးမြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများလျှံကာ လူနေအိမ်များအပြင် သောက်သုံးရေ ၁၀၀ ခန့်မှာလည်း ရေလွှမ်းခံခဲ့ရခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ညောင်ချောင်း၊ စပါးဆိပ်၊ ကျောက်တလုံး၊ မင်းသားတောင်နှင့် သိန်းတန် စသည့် ကျေး ရွာများတွင် သောက်သုံးရေကန်များ ပျက်စီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ‌ရေစစ်ထုတ်ရန် ပြည်နယ် ကျေးလက် ဦးစီးဌာနသို့ တင်ပြထားကြောင်း ကျောက်တော်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျန်းမာရေးဌာနက ရေတွေမှာ ဆေးပြားတစ်ပြား ထည့်လိုက်ရင် ဆယ်လီတာပုံးတွေနဲ့ ထည့်သောက်ကြဖို့၊ ဝမ်း ရောဂါ မဖြစ်ပွားရအောင် သောက်သုံးကြဖို့ တိုက်တွန်းနေတာရှိပါတယ်။ ကျေးလက်ဌာနကလည်း ကန်ရေတွေ ကို ပြန်ပြီးတော့ စစ်ထုတ်ဖို့အတွက် လုပ်နေတာတွေ ရှိပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ သောက်သုံးကန် (၂)ကန်မှာ ရေနစ်မြုပ်သွားခဲ့သည့်အတွက် အခြားနေရာမှ ခက်ခက်ခဲခဲ သွားခပ်နေကြရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ရွာထဲက သောက်ရေကန်တွေ ရေဝင်သွားတယ်။ ဒါကြောင့် တခြားနေရာတွေက သွားခပ်နေရတယ်။ အဓိက က ဒီဘက်မှာ သောက်သုံးရေရော၊ စားဝတ်နေရေးကလည်း အခက်အခဲကြုံနေကြတယ်။ နေဖို့ထိုင်ဖို့ကလည်း စိုစို စွတ်စွတ်နဲ့ ရေက နည်းနည်းစီပဲ ထပ်ကျသေးတယ်။ မကျတဲ့နေရာကလည်း ရှိနေသေးတယ်” ဟု ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်၊ ဖုံသာချောင်းတစ်လျှောက်ရှိ တောတန်းကျေးရွာ၊ မြင်းတင်မ၊ လက်ခုတ်၊ စိတ္တရ၊ ဒုံးသား၊ ဆင်းဆိတ်၊ တောတန်း စသည့်ကျေးရွာများတွင်လည်း သောက်သုံးရေကန်များ နစ်မြုပ် ပျက်စီးသွား သည်ဟု ဒေသခံများက ပြောသည်။

မြင်းတင်မ ကျေးရွာမှဒေသခံ အမျိုးသမီးတစ်ဦးက “ရွာက ကန်က အားလုံးမြုပ်သွားတယ်။ ဒါပေမဲ့ ရွာအမြင့် ဘက်မှာ မမြုပ်ဘဲကျန်ခဲ့တဲ့ ကန်ကနေပြီးတော့ သွားခပ်နေကြရတယ်” ဟု ဆိုသည်။

အလားတူ မြောက်ဦးမြို့နယ်တွင်လည်း မြောင်းဘွေ၊ ကုန်ဘောင်၊ ဘူးတလုံး၊ ကျွဲတဲစသည့်ကျေးရွာများမှ သောက်သုံးရေကန်များ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြော သည်။

မြို့နယ်သုံးခုပေါင်း ပျက်စီးသွားသည့် သောက်သုံးရေကန်စာရင်းမှာ ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းအချို့ နှင့် မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် အချို့၏ ကောက်ခံထားသော စာရင်းသာဖြစ်သည်။

ရခိုင်ပြည်နယ် ကျေးလက်ဌာန ဦးစီးဌာနကမူ ပျက်စီးသွားသည့် သောက်သုံးရေကန် စာရင်းများကို ကောက်ယူနေ ဆဲ ဖြစ်ပြီး အတိအကျမသိရသေးကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီး ဦးချစ်မောင်က ပြောသည်။

ရခိုင်တွင် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့ အပါအဝင် အမ်း၊ မောင်တော၊ သံတွဲ၊ မြေပုံ၊ တောင်ကုတ်မြို့ နယ်တို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေများနှင့် ချောင်းရေများ လျှံခဲ့သည့် အတွက် လူနေအိမ်များ၊ စိုက်ပျိုးပြီးစ စပါးခင်းများ၊ သောက်သုံးရေကန်များ ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်။

သြဂုတ်လ ၉ ရက်နေ့၊ နံနက်အစောမှစတင်ကာ ရေများပြန်ကျသွားကြပြီ ဖြစ်သော်လည်း ရွှံ့နွံများ တင်ကျန်နေခဲ့ မှုကြောင့် ဒေသခံများတွင် နေထိုင်ရေး ခက်ခဲနေကြသည်။

Most read this week

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...