ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းအလွန် ၃ လအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေး

ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းအလွန် ၃ လအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေး

ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်း မုန်းတိုင်ဝင်ရောက် တိုက်ခတ်ခဲ့ပြီး (၃) လကြာအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေးသောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး မြို့နယ်တို့တွင် နေအိမ်များ ပြန်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေကြသည်။

အဆိုပါမြို့နယ်တို့တွင် နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ ထိရောက်စွာ ကူညီကယ်ဆယ်မှု မရရှိနိုင်သည့် ပြင် စစ်ကောင်စီ၏ လမ်းပိတ်ပင်ခြင်း အခက်အခဲများကြောင့် မုန်းတိုင်းသင့်ပြည်သူများအတွက် အကူအညီ ရရှိ ရန် ပိုမိုခက်ခဲရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ICNCC အဖွဲ့ဝင် ဆလိုင်းမင်းညို က ပြောသည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဆလိုင်းမင်းညို က “အဓိက ရန်ပုံငွေ အခက်အခဲ ဖြစ် တယ်။ စစ်ကောင်စီကနေ တဆင့် NGO ကချိတ်ဆက်ပြီး၊ ထောက်ပံ့မယ်ဆိုတဲ့ အပိုင်းမှာ သူတို့က ပိတ်ပင်တား မြစ်မှုတွေ ရှိတယ်။ ဒီအပိုင်းတွေမှာ လူသားချင်း စာနာပံ့ပိုးမှု အဖွဲ့အစည်းတွေက လွယ်လွယ်ကူကူ ဝင်ရောက် နိုင်ဖို့ အခက်အခဲနဲ့ လွတ်လွတ်လပ်လပ်သွား လာခွင့်မရှိတဲ့အတွက် များစွာ ကျွန်တော်တို့ ခက်ခဲဖြစ်တယ်၊ သာ မန်ကာလ မဖြစ်တဲ့အတွက် တော်လှန်ရေးကာလ အစိုးရကလည်း လောလောဆယ် ရန်ပုံငွေအခက်ခဲအရ ပံ့ပိုးမှု အပိုင်းတွေမှာ တော်တော်လေး ဖြန့်ကျက်ရတော့ အခက်အခဲဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း မေလ (၁၄) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် တွန်းဇံမြို့နယ်မှလွဲပြီး ကျန် (၈) မြို့နယ်တွင် အိမ် ၂၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အအုံ ၁၂ လုံး၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြား အဆောက်အအုံ ၆ လုံး စုစု ပေါင်း ၃၃၃၈ လုံးပျက်စီးမှုရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မတူပီမြို့နယ်သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့်အပြင် ကျန်မြို့နယ်၊ ကျေးရွာများ တွင်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လူနေအိမ်၊ IDPs (Camp) များ ပြန်လည် ပြုပြင်တည်ဆောက်ကာ လက်ရှိ တွင် ဆောက်လုပ်ရေး ပစ္စည်းများ လိုအပ်နေသေးသည်ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ကယ်ဆယ် ရေးအသင်းမှ ဒေါ်လှမေ က ပြောသည်။

"ဒီအချိန်က မိုးရာသီဆိုတော့ ဝါးကယူလို့မရဘူး ပြီးတော့ မြို့ပေါ်လည်းတက်ခွင့်မရှိဘူးဆိုတော့ သံချောင်း၊ သွပ် တွေ တောင်ဝယ်လို့မရဘူး။ ဝါးတဲလေးတွေနဲ့ နေကျရတယ်။ လူမှုအဖွဲ့အစည်းတွေကတောင် သူတို့ဆီမှာ  ကူညီ ဖို့တောင် မဝင်နိုင်တာ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ စပါးကျီ ပျက်စီးတဲ့သူတွေ အများကြီးပါတော့ စား သောက်ရေး ခက်တယ်၊ ဆန်တွေလည်း ရွာထဲမှာ ရှိတဲ့ဟာတွေကို မျှစားစနစ်နဲ့ လုပ်နေကြတယ် ဆီ၊ ဆား၊ ငပိ က အစ ခက်ခဲနေကြတယ်” ဟု ဒေါ်လှမေက ပြောသည်။

လက်ရှိအထိ မုန်းတိုင်းသင့် ပြည်သူများမှာ ပျက်စီးမှုနည်းပါးသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင်တို့ တွင် ခိုလှုံနေကြသူများလည်း ရှိနေပြီး နေအိမ်များ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် သံ၊ သွပ်၊ တိုင်၊ ဝါး အပါအဝင် အိမ်ဆောက်လုပ်ငန်းသုံး ပစ္စည်းများ လိုအပ်နေသည်ဟု ဆိုကြသည်။

ချင်းပြည်နယ် မိုခါဆိုင်ကလုန်း မုန်းတိုင်းသင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် NUG မှ ဗဟို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာနနှင့် ကြားကာလ ချင်းအမျိုးသားတိုင်ပင်ခံ ကောင်စီ အဖွဲ့တို့က ချင်း ပြည်နယ်ထဲရှိ မြို့နယ် (၉) မြို့နယ်အတွင်းမှ လူနေအိမ်ပျက်စီးမှုများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာ၊ တာလပတ်များ ဝယ်ယူနိုင်ရန် ငွေကြေး ကူညီထောက်ပံ့ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် စစ်ရှောင် တာဝန်ခံ တစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် ကန်ပက်လက်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်ဖြစ်သည့်အပြင် မိုခါ မုန်းတိုင်းကြောင့် လမ်းများပျက်စီးခြင်း၊ မြေပြိုခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းကြောင့် အကူအညီရရှိမှု လည်း နည်းပါးကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူက ပြောသည်။

“တချို့ကျေးရွာမှာ တော်တော်လေးဆိုးရွားတဲ့ အိမ်တွေအလိုက် လုံး လုံးပျက်စီးသွားတာရှိတော့ ပျက်စီးသွားပြီး ရင် ပြန်နေဖို့ မရှိဘူးဆိုတော့ ရှိတဲ့ဟာနဲ့ ရပ်ရွာ လူထုပေါင်းအားနဲ့ ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြင်ကြရတယ်၊ ဆိုးဆိုး ရွားရွား ထိခိုက်သွားတဲ့စစ်ဘေးရှောင်စခန်းကတော့ မိုးကာတွေ၊  ယာယီတဲတွေဆိုတော့ ပြန်ပြန်ပြီး ဆောင်ရွက် တာ ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက  ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့ နှင့် မတူပီမြို့တို့ တွင်  မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အုံများအတွက် ငွေကျပ် ၃၇၂၈၂၄ သန်း ဇူလိုင် ၇ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - ICNCC

Most read this week

October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...
October 29, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်...
October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...