မင်းတပ်မှာ စစ်ကောင်စီက ဓမ္မဆရာ တစ်ဦးနှင့် သင်းထောက် လူကြီး (၃)ဦးကို ဖမ်းဆီးသတ်ဖြတ်ဟုပြော

မင်းတပ်မှာ စစ်ကောင်စီက ဓမ္မဆရာ တစ်ဦးနှင့် သင်းထောက် လူကြီး (၃)ဦးကို ဖမ်းဆီးသတ်ဖြတ်ဟုပြော

ချင်းပြည်နယ်၊ စစ်ကောင်စီတပ်သားများက မင်းတပ် (ချင်း) အမျိုးသား ခရစ်ယာန်ဓမ္မဆရာ (၁) ဦးနှင့် သင်း ထောက် လူကြီး (၃) ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၇၄) တပ်ရင်းမှ ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က “သူတို့ ဖမ်းခေါ်သွားပြီးတော့ (မိသားစု ဝင်) မေးမြန်းတဲ့အခါမှာ သူတို့ စစ်ဆေးမေးမြန်းနေတုန်းလို့ ပြောတယ်။ နောက်တစ်ကြိမ် အဖမ်းခံရတဲ့ သူတွေ ကို ပြန်မေးတော့ မရှိဘူး။ မသိဘူးလို့ပဲ ငြင်းတယ်။ သူတို့စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သတ်ဖြတ်လိုက်ပုံပဲ။ ဘေးအနီးနားက လူတွေကလည်း သူတို့ အနှိပ်စက်ခံရတယ်။ အသံတွေ ကြားနေရတယ်ပေါ့နော်၊ ကျနော်တို့က ဖမ်းဆီးနှိပ်စက်လို့ သေသွားရင်လည်း အလောင်းတော့ ပြန်ပေးပါ၊ ဈာပနာ လုပ်ဖို့ပါဆိုရင်လည်း သူတို့က မသိ ဘူး။ မရှိဘူးပဲ ဘူးခံ ငြင်းတာပေါ့နော်။ အဲဒါကို ကြည့်ပြီး အသက်သေဆုံး သွားပြီးလို့ သတ်မှတ်ယူဆလို့ ရတာ ပေါ့လေ” ဟု ပြောသည်။

မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်အတွင်း ရပ်ထားသော ဆိုင်ကယ် များလွန်းသည်ဟု အကြောင်းပြပြီး ခလရ (၂၇၄) တပ်ရင်းမှ အရက်သေစာများ မူးယစ်နေသော စစ်ကောင်စီ တပ် သားများက ခရစ်ယာန်ဓမ္မဆရာ အပါအဝင် သင်းထောက်လူကြီး ၄ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းဆီးသွား ကြခြင်း ဖြစ်သည်။

အဆိုပါ ဘာသာရေး ခေါင်ဆောင်များသည် မြို့ပေါ်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများ အဆင်ပြေစေရန် ဦးဆောင်၍ စီစဉ်ပေးနေသူများဖြစ်ကြသည်။

ဖမ်းဆီးခံရပြီးနောက် ၁၀ ရက်အကြာတွင် ဇူလိုင်လ ၂၆ ရက်နေ့က မိသားစုဝင်များနှင့် ဘာသာရေးခေါင်းဆောင် များက ဒုတိယအကြိမ် ထပ်မံမေးမြန်းရာ ဖမ်းဆီးခံရသူများကို မသိကြောင်း၊ မရှိကြောင်းသာ တုံ့ပြန်ခဲ့ပြီး မေး မြန်း နှိပ်စက်ရာတွင် အသက်သေဆုံးသွားသည်ဟု ယူဆရကြောင်း နီးစပ်သူများက ပြောသည်။

သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ခေါနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ဘာသာရေး ဓမ္မဆရာနှင့် သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့က  ထုတ်ပြန် သည်။

မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သရုပ်မှန်ကို သိရှိနားလည်ပြီးနောက် တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ပါဝင်ကြရန် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်သည်။

ပုံစာ - မင်းတပ်မြို့ (ပုံဟောင်း)

Most read this week

October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...
October 29, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်...