ညောင်ရွှေမြို့နယ် ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှု စစ်ကောင်စီ အချိန်ကန့်သတ်

ညောင်ရွှေမြို့နယ် ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှု စစ်ကောင်စီ အချိန်ကန့်သတ်

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ရေပယ်ကျေးရွာအနီး ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှုကို စစ် ကောင်စီတပ်ဖွဲ့က အချိန်ကန့်သတ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့၊ ညပိုင်းအချိန်တွင် တောင်လေးလုံး အနီးရှိ ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြားစက်ရုံကြား၌ SURF ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ရာမှာ ကားထဲလိုက်ပါလာသူ တစ်ဦး သေဆုံးပြီး တခြား ၂ ဦးက ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုအပြီး ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးသည်  စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့ ဝင်တို့ တောနင်းရှာဖွေ နေလျက်ရှိပြီး လက်ရှိတွင် အဆိုပါ လမ်းကြောင်း ဖြတ်သန်းသွားလာမှုကို အချိန်ကန့်သတ်လိုက် ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက “ညောင်ရွှေ - ခေါင်တိုင် - တောင်လေးလုံး လမ်းဆုံဂိတ်တွေ ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်က အချိန်နဲ့ ဖြတ်သန်းခွင့်ပေးတယ်။ ခေါင်တိုင်လမ်းပိုင်းကို မနက် ၅ နာရီကနေ ညနေ ၅ နာရီအတွင်းပဲ ဖြတ်ခွင့်ပေးတာ၊ ကျန်တဲ့အချိန်ကတော့ ရောက်တဲ့ နေရာကနေ ရပ်ရတယ်” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လမ်းဖြတ်သန်းခွင့် အချိန်ကန့်သတ်ပေးလိုက်သည့် အပြင် လမ်းသွားလမ်းလာများထံမှ ငွေကြေး ပိုက် ဆံ တောင်းယူခြင်းများလည်း ရှိနေကြောင်း ကြုံတွေ့ရသည့် ကားသမားများက သျှမ်းသံတော်ဆင့်ကို ဆက်ပြော သည်။

“ကျနော် အသိတစ်ယောက် အဲ့လမ်းကနေ ဖြတ်သွားလို့ ပြန်ပြောပြတာပါ။ ကားတစ်စီးကို ရစ်ပြီး ပိုက်ဆံ ၂ သောင်းကနေ ၃ သောင်း အဲ့လို တောင်းယူတယ်တဲ့၊ အခုလို လုပ်လိုက်တော့ လမ်းသွားလမ်းလာတွေ အတွက် ရော၊ ဈေးသည်တွေ အတွက်ရော ခက်ခဲသွားတာပေါ့။ တချို့က ညောင်ရွှေဈေးကို အစောကြီး ရောက်လာကြ တာ၊ အခုဆိုရင် ၅ နာရီ မထိုးမချင်း လမ်းမဖြတ်ရတော့ ခက်တာပေါ့” ဟု အထက်ပါ ကားသမားများက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

ဇူလိုင်လ ၂၄ ရက်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် လူငယ်သည် ကယန်းလူမျိုးဟု  သိရပြီး မည်သည့်အတွက်ကြောင့် လိုက်လံပစ်ခတ်ခြင်း ခံရသည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

လက်ရှိ အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ၊ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီး များကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု စစ်ဆေးမှုများလည်း ပြုလုပ်နေသည့် နေရာဖြစ်သည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...