ဒဏ်ရာရပြီး ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီအဖွဲ့ဝင်များ အပမ်းဖြေရန် ငပလီသို့ရောက်ရှိလာ

ဒဏ်ရာရပြီး ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီအဖွဲ့ဝင်များ အပမ်းဖြေရန် ငပလီသို့ရောက်ရှိလာ

တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရာမှ ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီတပ်ထဲမှ အရာရှိစစ်ဗိုလ်များနှင့် တပ်သားများသည် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင် အပန်းဖြေရန် ရောက်ရှိလာခဲ့ ကြ သည်။

ဇူလိုင်လ ၂၄ ရက်နေ့က ငပလီကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက သံတွဲလေဆိပ်တွင် ကြိုဆိုခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များကို အပန်းဖြေခရီး မကြာခဏ ပို့ ဆောင်ပေးခြင်းမှာ ၎င်းတို့၏ လက်အောက်ခံအရာရှိ၊ တပ်သားမိသားစုများ စည်းရုံးရေးလုပ်သည့် သဘောဟု ရှုမြင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ်လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက နိရဉ္စရာသို့ ပြော သည်။

“ဒီလိုအပန်းဖြေခရီးပို့ပေးတယ်ဆိုတာကတော့ သူတို့တပ်တွင်းမိသားစုတွေကို စည်းရုံးတာလည်း ပါမှာပေါ့။ တပ်တွင်းကရဲဘော်တွေကို ဂရုစိုက်တယ်။ သူတို့တွေဒဏ်ရာရလာတဲ့အခါ အေးအေးဆေးဆေး အနားယူနိုင်ဖို့ လုပ်ဆောင်ပေးတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကို လုပ်ဆောင်တာလို့ မြင်တယ်” ဟု ဦးဖေသန်းက ပြောသည်။

ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရာမှ ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီတပ်ထဲမှ အရာရှိစစ်ဗိုလ်များ နှင့် တပ်သားများကို နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှတစ်ဆင့် စစ်ကောင်စီလေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ငပလီကိုသာမက ချောင်းသာသို့လည်း  ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက ပို့ဆောင်ပေးခဲ့ ခြင်းဖြစ်သည်။

ယခုကဲ့သို့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီ အရာရှိများ နှင့် တပ်သားများကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေသို့ အပန်းဖြေ ခရီး စေလွှတ်ခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီး ချိန်မှ စတင်၍ စစ်ကောင်စီတပ်သည်  နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တော်လှန်တိုက်ခိုက်မှုများကို ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအဆုံးနှင့် ဒဏ်ရာရသူများလည်း အများအပြား ရှိနေ ကြောင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်တွင် အရာရှိစစ်ဗိုလ်များ၊ တပ်သားများမှာ တပ်မှထွက်ပြေးမှုများလည်း များပြားနေ ကြောင်း သိရှိရသည်။

November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...