စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ KNPP ဖိတ်ခေါ်

စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ဖို့ KNPP ဖိတ်ခေါ်
၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ကရင်နီတပ်မတော်ထံ CDM ပြုလုပ်လာသူများ။
၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ကရင်နီတပ်မတော်ထံ CDM ပြုလုပ်လာသူများ။

တိုက်ပွဲပြင်းထန်နေတဲ့ ကယား (ကရင်နီ)ပြည်ကို စစ်ကောင်စီတပ်က တပ်သားအင်အားတွေ ဖြည့်တင်းပြီး နယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီတပ်သားတွေကို CDM ပြုလုပ်ကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကဖိတ်ခေါ်လိုက်ပါတယ်။

လက်ရှိအချိန်ထိ CDM ပြုလုပ်ပြီးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေအတွက် နေရာထိုင်ခင်းနဲ့ လုံခြုံရေး ကို စီစဉ်ထားပေးနိုင်တဲ့အတွက် ထပ်မံ ပြီး CDM ပြုလုပ်ဖို့ကို KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ် ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် (အက်စ်) က ဇူလိုင်လ ၂၄ ရက်နေ့က ပြောဆိုလိုက်တာပါ။

ခူးတော်ရယ် (အက်စ်) က “ကျနော်ပြောချင်တာက ထွက်လာချင်တဲ့လူတွေ ထွက်လာလိုက်ပါပေါ့။ ဘက်ပြောင်း လာပါလို့ အဲဒီလိုမျိုး အား ပေးချင်တယ်။ အသက်အန္တရာယ် မရှိစေရဘူးဆိုတဲ့ဟာလည်း ပြောချင်တယ်။ ထမင်း လည်း အများမငတ်ရင် ထွက်လာတဲ့လူလည်း မငတ်ဘူးဆိုတာကိုလည်း အဲလို သိစေချင်တယ်။ အလုပ်အကိုင် ဝင်ငွေ အဆင်ပြေပါ့ မလား။ အဲဒါကတော့ အများနည်းတူ အဆင်မပြေသလို တိုင်းပြည်တစ်ခုလုံး ပြည်ထောင်စု တစ်ခုလုံး အဆင်ပြေ တဲ့ နေရာ ဘယ်မှာမှမရှိတာ အများနည်းတူပဲပေါ့။ အဲဒီလိုမျိုး နားလည်ထားဖို့လိုတယ်” လို့ ပြောပါတယ်။

စစ်သား CDM တွေအတွက် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်လယ်လောက်မှာ ဘက်ပြောင်း ခိုလှုံသူ တွေနဲ့ CDM ကြီးကြပ်ရေးကော်မတီ တစ်ခုကို ဖွဲ့စည်းထားပြီး လက်ခံရေးအစီအစဉ်တွေကို KNPP က ဆောင် ရွက်ထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တပ်သားဘဝအနေနဲ့ နှစ်နှစ် တာဝန်ထမ်းဆောင်ရင်း နယ်စပ်မှာရှိတဲ့ တပ်စခန်း တစ်ခုကနေ ထွက်ပြေးပြီး KNPP ထံ CDM ပြုလုပ်လာတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးကတော့ တပ်ထဲ က နေ့စဉ် အတွေ့အကြုံကို အခုလို ပြောပါတယ်။

CDM လုပ်လာသူ အသက် ၂၂ အရွယ် လူငယ်က “အဲ့ဒီမှာနေတုန်းက အမြဲစိတ်ဆင်းရဲနေရတယ်ဗျာ။ ပြီး တော့ လုပ်ရကိုင်ရတာလည်း ကျပ်တည်းတယ်။ ပြီးရင် အဲ့ဒီမှာနေတုန်းကဆိုရင် ကိုယ်သေမယ့်ရက်ကို စောင့် နေရသလိုပဲဗျာ။ ပြီးတော့ ဘယ်နေ့သေလို့ သေရမယ် မှန်းမသိ။ ပြီးတော့ အစားအသောက် ငတ်ပြတ်ခံပြီး စောင့် တယ်။ အဆဲခံရချိန်လည်း အဆဲခံရ။ ပြီးတော့ ကင်းဆိုလည်း ညဆို ၆ နာရီအထိ နေ့ခင်းဆိုလည်း တစ်နေကုန် အဲဒီလိုမျိုး နေရတယ်ဗျာ။ အလုပ်ကြမ်းတွေလည်း လုပ်ရသေး။ ရေတွေလည်း ခပ်ရသေး” လို့ ပြောပါတယ်။

KNPP ကနေ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သား CDM တွေကို လုံလောက်တဲ့ အချိန်ကာလ တစ်ခုအထိ လက်ခံ ထားပြီး သူတို့ကိုယ်တိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးတာ ရှိတယ် လို့ ဆိုကြပါတယ်။

CDM ကြီးကြပ် ရေးကော်မတီ “ကျနော်တို့ ထွက်လာတဲ့ဟာတွေ အဲဒီစခန်းမှာ ကျနော်တို့ သူ့ဟာသူ သေသေ သပ် သပ်လေးဖြစ်အောင် လုံလုံ ခြုံခြုံလေးဖြစ်အောင် အဲ့ဒီလိုတွေ စီစဉ်ထားတယ်ပေါ့။ ထွက်လာတဲ့ လူတွေကိုဆိုလို့ ရှိရင် ဥပမာ ထားပါတော့ စစ်ပြန်တိုက်ခိုင်းတာတို့ ရဲဘော်ပြန်လုပ်ခိုင်းတာတို့ အဲဒီလိုမျိုးဟာတွေတေ ကျနော်တို့ အစီအစဉ်မရှိဘူး။ ဆို တော့ သူတို့ အချိန်ကာလ တစ်ခုအတွင်းမှာ ကျနော်တို့ စီစဉ်ထားတဲ့ နေရာမှာထားတယ်။ ပြီးရင် သူတို့ ရှေ့ရေး အတွက် သူ့ဟာသူရပ်တည်လုပ်စားနိုင်တဲ့ အခြေအနေတစ်ခုခုကို ကျနော်တို့ နည်းလမ်းတွေ ရှာပြီးတော့မှ စီစဉ်ပေးတယ် အဲ့ဒီလိုဟာမျိုးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ KNPP ထံကို CDM ပြုလုပ်တဲ့ စစ်သားအရေအတွက် တိတိကျကျစာရင်းကိုတော့ မသိရသေးပါ ဘူး။

စစ်ကောင်စီရဲ့ တပ်သားတွေဟာ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဆီကိုလည်း CDM ပြုလုပ်လာ သူတွေ ရှိနေပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကတော့ CDM ပြုလုပ်တဲ့ စစ်ကောင်စီ တပ်သားတွေအတွက် ကရင်နီ ပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေး အစီအစဉ်တွေကို ပြုလုပ်နေတာ ရှိပါ တယ်။

October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...