CDM ဆရာဝန်များပါဝင်သော ၒိဇ္ဇာဆေးအဖွဲ့ ပြောင်းရွှေ့ရန် အကူအညီ လိုအပ်နေ

CDM ဆရာဝန်များပါဝင်သော ၒိဇ္ဇာဆေးအဖွဲ့ ပြောင်းရွှေ့ရန် အကူအညီ လိုအပ်နေ

စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများကို ဆေးကုသပေးနေသည့် ကယား (ကရင်နီ) ပြည်နယ် အခြေစိုက်  ဝိဇ္ဇာဆေးအဖွဲ့သည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရေးပေါ် ပြောင်း ရွှေ့ဖို့ အကူ အညီများ လိုအပ်နေသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ကြုံလာရသည့်အတွက် ပြောင်းရွှေ့ရေး ပြင်ဆင် ရခြင်း ဖြစ်သည်ဟု ဝိဇ္ဇာဆေးအဖွဲ့က တာဝန်ခံ တစ်ဦးက ပြောသည်။

“အဓိကတော့ လေကြောင်းပေါ့နော်။ လေယာဉ်ပေါ်ကနေ ပစ်တာတို့က ကျနော်တို့ ရှောင်ရှားရုံပဲပေါ့နော်။ ခဏ ခဏ အစုအဖွဲ့လည်း ပစ်ခံနေရတယ်ဆိုတော့ ကျနော်တို့ ရှောင်တဲ့ နေရာလေးပေါ့။ နေရမယ့်နေရာ တစ်စုတစ် ဝေး တည်း လုပ်ထားချင်လို့ပါ။ ဗုံးခိုကျဉ်းလေးတွေပေါ့နော်။”

ဝိဇ္ဇာဆေးအဖွဲ့ဟာ ဇူလိုင်လလယ်လောက်ကတည်းက လေကြောင်းတိုက်ခိုက်မှုများကို ကြုံနေရသော်လည်း လတ်တလော အခြေအနေများအရ ငွေကြေး အဆင်မပြေသေးသည့် အတွက် ပြောင်းရွှေ့ရန် ခက်ခဲနေသည်ဟု ဆိုကြသည်။

ဆေးအဖွဲ့အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသများဖက်ကို ပြောင်းရွေ့သွားမှာ မဟုတ်ဘဲ ကရင်နီပြည်နယ် အတွင်းက မူလနေရာမှ လုံခြုံစိတ်ချရသည့် နေရာသစ်တစ်နေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်ဟု အဖွဲ့ တာဝန်ခံက ဆက်ပြောသည်။

ဝိဇ္ဇာဆေးအဖွဲ့ တာဝန်ခံက “အဓိကတော့ ကျနော်တို့ လုံခြုံတဲ့ နေရာပေါ့နော်။ တောင်ကြားလေးပဲ ဖြစ်ဖြစ်ပေါ့ နော်။ လူနဲ့ ခပ်လှမ်းလှမ်း နေရာလေးမှာ အခြေစိုက် ဆောက်မယ်။ ဆောက်ပြီးသွာင်းရင် ဗုံးခိုကျင်းလေး ဆောက်မယ်။ အဲဒီအတွက် ခန့်မှန်း ကုန်ကျစရိတ်ပေါ့နော်။ သိန်း ၅၀ အထက် အဲလောက်ကုန်ကျမယ်လို့တော့ တွက်ထားတယ်” ဟု ပြောသည်။

ပြောင်းရွေ့စရိတ် ကျပ်သိန်း ၅၀ ခန့် ကုန်ကျနိုင်မည်ဟု အဖွဲ့တာဝန်ခံ့ ဆိုသည်။

ဝိဇ္ဇာဆေးအဖွဲ့သည် ပြီးခဲ့သည့် မေလ တောင်စလုံး တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အချိန်ကတည်းက ပထမအကြိမ် စခန်း ပြောင်းရွှေ့ခဲ့ရဖူးပြီး ယခု ဇူလိုင်လထဲတွင်လည်း အခြေစိုက် ကျေးရွာ၏ လုံခြုံရေးအတွက် ဒုတိယအကြိမ် ပြောင်းရွှေ့ရန် စီစဉ်နေကြခြင်း ဖြစ်သည်ဟု မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Karenni Support Team (KNST) တာဝန်ရှိသူ တစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာကို ပြောသည်။

“သူတို့က ဒီဟာ ဘယ်လိုပြောမလဲ ရွာက လက်မခံတော့ဘူးပေါ့နော်။ အရင်တုန်းက ရွာမှာရှိတဲ့ ဆေးခန်းတစ် ခုမှာ သူတို့နေတာ။ ဒါပေမယ့် ရွာက လက်မခံတော့တဲ့အတွက် သူတို့ တခြားနေရာပြောင်းရတာ။ အစောနက အကို ပြောသလိုပေါ့။ ဒီရွာက နည်းနည်းလည်း ကြောက်ကြတယ်ပေါ့နော်။ ဒီအဖွဲ့တွေ ရှိရင် ဒီလို ဖြစ်မယ်ဆိုတဲ့ အယူ အဆပုံစံမျိုးလေးတွေကြောင့်မို့လို့ပေါ့နော်။”

ဝိဇ္ဇာဆေးအဖွဲ့တွင် လုပ်သက် ၁၀ နှစ်ရှိသည့် CDM ခွဲစိတ်ဆရာဝန် တစ်ဦး၊ CDM သူနာပြု တစ်ဦး၊ နောက်ဆုံးနှစ် ပြီးထားသူ သူနာပြု ဆရာမ ၂ ဦး၊ CDM ပြုလုပ်ထားသည့် ဆေးကျောင်းသား တစ်ဦး၊ သူနာပြုကျောင်းသား တစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး စုစုပေါင်း ၇ ဦးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့သည် ကရင်နီ ပြည်နယ်အတွင်းက စစ်ဘေးရှောင်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို လှည့်လည် ဆေးကုသပေးနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...