စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး

စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး
ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့
ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက် ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာ အနီးတစ်ဝိုက် စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှ ကာ ကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။

“ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့ အနေ အထား ဖြစ်နေတယ်။ ရွာသားတွေကို ဘုန်းကြီးကျောင်းရှေ့က ကွင်းပြင်မှာ မနေ့ညကတည်းက ဒူးထောက် ထိုင်ခိုင်းထား တယ်။ ပြီးတော့ ခုက သူတို့ မိုးစစ်အထက် ပေါက်ကုန်းဘက်ကို ထပ်ပြီးသွားဖို့ ပေါက်ကုန်းက အုပ်ချုပ်ရေးမှူး တွေကို တံခွန်မော်တော် ယာဉ်နဲ့လာကြိုခိုင်းထားတယ်။ အဲဒါကြောင့် ပြည်သူတွေ အမြန်ဆုံး ရှောင်ကြပါလို့ ပြောချင်တယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂၀ ရက်နေ့ ကျောက်ကြီးရွာကနေ ဆင်တပ်ရွာကို စစ်ကြောင်းထိုးလာချိန် မြို့လှ PDF က မိုင်းဆွဲ တိုက်ခိုက်လိုက်တဲ့အတွက် ထိခိုက်သေဆုံးသူများပြီး  ဆင်တပ်ရွာမှာ ညအိပ်တပ်စွဲပြီးနောက် မိုင်းဆွဲခံရချိန် သေဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ဆင်တပ်ရွာက နေအိမ်တစ်အိမ်ထဲထည့်ပြီး မီးရှို့ခဲ့တယ်လို့ ဆင်တပ်ရွာနဲ့နီးစပ်တဲ့ ရေလဲရွာက ဒေသခံအမျိုးသမီးက ပြောပါတယ်။

“ကျမတို့ရေလဲကတော့ ဖမ်းမိတာမရှိဘူး ကြိုရှောင်ထားတာ ဆင်တပ်ရွာကတော့ ဖမ်းသွားတယ်။ပြီးတော့ အဲစစ်သားတွေက သူတို့လူသေတွေကို ဆင်တပ်ကနေအိမ်တစ်အိမ်ထဲထည့်ပြီး မီးရှို့ခဲ့တာရှိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ဆင်တပ်ရွာက ဒေသခံ ၂ဦးကို ဖမ်းဆီးပြီး မနေ့က မိုးစစ်ရွာဘက်ကို ထပ်ပြီး စစ် ကြောင်းထိုး လာချိန်မှာလည်း ရေလဲရွာနား အရောက် လမ်းခုလတ်တစ်နေရာမှာ ထပ်ပြီး မိုင်းဆွဲခံလိုက်ရတဲ့ တွက် ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မိုးစစ်ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရချိန် သေဆုံးသွားတဲ့ သူတို့ရဲ့ တပ်ဖွဲ့ ဝင် ရုပ်အလောင်းတွေကို မိုးစစ်ရွာဘုန်းကြီးကျောင်းရှေ့မှာ စုပုံထားတဲ့အပြင် ရွာသား ၁၅ ဦး မနေ့ညကနေ ဒီနေ့ မနက်ထိ ဘုန်းကြီးကျောင်းရှေ့ဒူးထောက်ထိုင် ခိုင်းထားတယ်လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူက အခုလို ပြောပါတယ်။

ဒါ့အပြင် မိုးစစ်ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ဒေသခံ တွေရဲ့ စာရင်းမှတ်ထားတဲ့ စာအုပ်လည်း ပါရှိပြီး အမည်စာရင်းစာအုပ်မှာပါတဲ့နေအိမ်တွေကို ဖမ်းထားရွာသား တွေ ကို ညွှန်ပြခိုင်းပြီး မီးလိုက်ရှို့နေကြောင်းလည်း ဆက်ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဆင်တပ်ရွာဒေသခံ ၂ ဦးကို စစ်တပ်က မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရချိန် ပစ်သတ်လိုက်တဲ့အပြင် မိုးစစ်ရွာကဖမ်းခံထားရတဲ့ပြည်သူ ၁၅ ဦးထဲက တစ်ဦးကိုလည်း ပစ်သတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် နေ ပေမယ့် အသေးစိတ်မသိရသေးပါဘူး။

လက်ရှိ ရွှေကူ-ကသာတစ်လျှောက် စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်က တပ်မ ၈၈အောက် ခလရ ၁၀ တပ်ရင်းမှူး ကိုကိုနိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ ခမရ ၄၁၅ တပ်ရင်းမှူး ထွန်းရန်နိုင်၊ ဒုတပ်ရင်းမှူး အောင်လင်းထွန်းအဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိရာကနေ မြို့လှကာကွယ်ရေးတပ် မြို့လှ K-PDF တပ်ရင်းမှ တပ်ခွဲ ၁ ဗိုလ်မိုးကြိုး ဦးစီး ကွပ်ကဲတဲ့ တပ်စုမှူး ဗိုလ်ဂဠုန်နှင့် တပ်စိတ်မှူး ကျားလေး တို့အဖွဲ့ရဲ့စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် က အင်အား ၅၀ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်းလည် မြို့လှ KPDF အဖွဲ့က ဆိုပါတယ်။

Most read this week

November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...