ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ပန်းတင်တံတားဂိတ် ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခံလိုက်ရတယ်လို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။
ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဇူလိုင်လ ၂၁ ရက်နေ့ (ဒီနေ့) မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။
”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့” လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ် (ဒေသအခေါ် ပန်းတင်တံတားဂိတ်)လို့ခေါ်ကြပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကစပြီး စစ်သား အင်အား ၂၀ ကျော်ကနေ ၃၀ ကျော်အထိရှိတဲ့ ဂိတ်တစ် ဂိတ် ဖြစ်ပါတယ်။
”ပန်းတင်တံတားဝင်တိုက်တာပါ အဲ့မှာ တွေကဘန်ကာ တွေလုပ်ပြီး ဂိတ်ထိုင်တာ အဲ့ဒါကိုဝင်တိုက်တာ မနက် တစ်နာရီလောက်ကနေ စပစ်ကြတာ ၂နာရီထိုးခါနီးထိပစ်ကြတယ်” လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြော ပါတယ်။
ဒီနေ့မနက် တိုက်ပွဲမှာ KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဘက်က အကျအဆုံးမရှိ တပ်ဆုတ်ခဲ့တာတယ်လို့ဆိုပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေး စိတ်ကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။
အဲ့ဒီ ပန်းတင်တံတားဂိတ်ဟာ ဖားကန့်မြို့ အဝင်မှာ ရှိတာကြောင့် စစ်ကောင်စီအတွက် အရေးပါနေတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။
ပန်းတင်တံတားဂိတ်မှာ အရပ်သားပြည်သူတွေကို ပုံမှန် အစစ်အဆေးပြုလုပ်နေတဲ့ အပြင် ဒီဂိတ်မှာ အရပ်သား တွေ ဖမ်းဆီးခံရမှုလည်း မကြာခဏရှိနေတဲ့ ဂိတ်ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ထဲက လယ်ပင်ဂိတ်၊ ကာမိုင်ဂိတ်နဲ့ ရဲစခန်းလို နေရာမျိုးတွေ မကြာခဏ တိုက်ခိုက်ခံရမှု ရှိခဲ့ပေ မယ့် ပန်းတင်တံတားဂိတ်ကို ဝင်တိုက်တာကတော့ အခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။