စစ်ရှောင်တွေကို ကယ်ဆယ်ရေး လုပ်နေချိန် စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရ

စစ်ရှောင်တွေကို ကယ်ဆယ်ရေး လုပ်နေချိန် စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရ

ကယား (ကရင်နီ) ပြည်၊ မယ်စဲ့မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် လူထုတွေကို ကယ်ဆယ်ရေးဆောင်ရွက်တဲ့ နေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ထိုသို့ ကြုံတွေ့ခဲ့ရသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုခက်ခဲစေတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ Karenni Free Burma Ranger(KFBR) မှ ကိုအောင်ဇေယျက “ကြုံ တွေ့ရပါတယ်။ အဓိက လက်နက်ကြီးထက် လေကြောင်း တိုက်ခိုက်မှုပေါ့နော ကျနော်တို့ စစ်ရှောင်တစ်ဖွဲ့ကို ရွှေ့ နေတုန်း ဒီလေကြောင်းတိုက်ခိုက်မှုက ကျနော်တို့နဲ့ မီတာ ၁၀၀၀ လောက်ပဲရှိတယ်။ အဲ့ဒီအကွာအဝေးမှာ Air Strike လုပ်နေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းရတယ်။ စစ်ရှောင်ရွှေ့နေတုန်း လမ်းခုလတ်မှာပဲ လေယာဉ် က တက်လာတော့ ကြောက်လန့်တကြားနဲ့ ကားပေါ်ကနေလည်း ပြေးဆင်းသွားတဲ့သူတွေလည်းရှိတော့ ကျနော် တို့ လုံခြုံတဲ့နေရာထားပြီးမှ ပြန်ရွေ့ရတော့ အချိန်တော်တော်လေးကို ယူပြီးတော့ သူတို့ကို ခွန်အားတွေပေးပြီး ပြန်ခေါ်လာရတဲ့ အခြေအနေတွေ အများကြီးရှိတယ်ပေါ့” လို့ ပြောပါတယ်။

မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာအုပ်စု အနီးအနားက ဒေသခံပြည်သူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေး ဆောင် ရွက်နေချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ထပ်မံကြုံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်တုန်းက ကျောက်စုကျေးရွာအနီးမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်ဖြစ်ပြီး ဒေသခံ စစ်ရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ တည်ထောင်သူ ဦးဗညားက “တချို့နေရာတွေမှာတော့ ခုနကပြောသလို ဒရုန်း တွေနဲ့ လိုက်ပစ်တာလား လေယာဉ်နဲ့လိုက်ပစ်တာလား ပြောရတော့ခက်တယ်။ တစ်ခုကတော့ ဒရုန်းတွေ လေ ယာဉ်တွေနဲ့ အမြဲတမ်းဝဲတယ်ပေါ့။ အဲ့တော့ မသင်္ကာရင် မသင်္ကာသလို ပစ်တာပေါ့။ ဒါကတော့ ပြောရတာ  ခက် တာက တကယ်ကိုပဲ စစ်ဘေးရှောင်တွေကို တိုက်ခိုက်တာလား မဟုတ်ရင်လည်း စစ်ပွဲရဲ့သဘောသဘာဝအရ ကြုံလို့ တွေ့လို့ ပစ်တာလားဆိုတဲ့ဟာတော့ ဝေခွဲရခက်တယ်။ တချို့ မော်တာနဲ့လှမ်းထုတာ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲကြား ကယ်ဆယ်ရေးဆောင်ရွက်တဲ့အချိန်မှာ ဒေသခံတွေဟာ သွားလာဖို့ ဦးတည်ရာမဲ့နေကြပြီး မည် သည့် နေရာသွားရမလဲ ဆိုတာကို မသိတာ‌ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိခဲ့သလို မိုးရာသီ ဖြစ်တဲ့ အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေး သူ တွေက ပြောပါတယ်။

ဇွန်နဲ့ ဇူလိုင်လအတွင်းမှာ ဖားဆောင်း၊ မယ်စဲ့၊ ရွာသစ်မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ရှောင်ဦးရေ ထောင်ချီတိုးလာခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိသူများနေပြီး ပြည်နယ်တွင်းက စစ်ရှောင်သူ တွေကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တောတောင်ထဲမှာ ခိုလှုံနေကြရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေး ရသူ နှစ်သန်းနီးပါးရှိလာပြီလို့ ဆိုပါတယ်။ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်တွေမှာတော့ ထွက်ပြေးတိမ်း ရှောင်ရသူ ၂သိန်း ၇သောင်းဝန်းကျင် ရှိနေပါတယ်။

Most read this week

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...