ကျောက်ဖြူရှိ ဟောင်ကောင်ကုမ္ပဏီပိုင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံများအားလုံး ရပ်ဆိုင်း သွားပြီ

ကျောက်ဖြူရှိ ဟောင်ကောင်ကုမ္ပဏီပိုင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံများအားလုံး ရပ်ဆိုင်း သွားပြီ
Center for Peace and Development-CPD
Center for Peace and Development-CPD

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဟောင်ကောင်အခြေစိုက် V power ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ တည်ဆောက် ထားသော သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ခုစလုံးမှာ လိုအပ်သော သဘာဝဓာတ်ငွေ့  မရရှိ သဖြင့် အပြီး ရပ်ဆိုင်းသွားပြီဖြစ်သည်။

အဆိုပါ ဟောင်ကောင် V power ကုမ္ပဏီ၏ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ ရုံတွင် ၂၀၁၉ ခုနှစ်ကစ တင်လည် ပတ်ခဲ့သော V power 1 စက်ရုံနှင့် 2 တို့ကိုလည်း ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကပင် အပြီးရပ် တန့်ကာ စက်များကိုလည်း တပါတည်းဖြုတ်ယူ သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ဆုံးလည်ပတ်ခဲ့သည့် V power 3 ဓာတ်အားပေး စက်ရုံမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလလောက်ပင် သဘာဝဓာတ်ငွေ့ လုံလုံလောက်စွာမရရှိသဖြင့် ရပ်ဆိုင်းသွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက နိရဉ္စရာသို့ပြောသည်။

"V power 3 စက်ရုံက ၂၀၂၂ ခုနှစ် နိုဝင်ဘာလထိသူတို့ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြတ်တောက် ပြတ် တောက် ပေးလာတယ်။ သူတို့ကိုမေးကြည့်တော့ သူတို့က ဓာတ်ငွေ့ လုံလုံလောက်လောက် မရရှိတဲ့အတွက် သူတို့ အဲဒီလိုပြတ်တောက် ပြတ်တောက် ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အဲဒီစက်ရုံထဲသွား ကြည့်တော့ သိခဲ့ရတယ်။ နောက်ပိုင်းမှာအခုတော့ V power 3 ကိုလည်း ရပ်ထားတယ်လို့ သိရပါတယ်။ ရပ် လိုက်တာ သိပ်မကြာသေးပါဘူး" ဟု ပြောသည်။

စက်ရုံတာဝန်ရှိသူများ၏ပြောပြချက်အရ V power 3 စက်ရုံများမှာ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ရပ်တန့်လိုက်သည့် အတွက် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား အခက်အခဲ ရှိနေသည့်အချိန်တွင် ဒေသတွင်း လျှပ်စစ် လိုအပ်ချက်ကိုပါ ထိခိုက်လာနိုင်သည်ဟု ဦးဖိုးစံက သုံးသပ်ပြောဆို သည်။

လက်ရှိ အခြေအနေအရ ကျောက်ဖြူမြို့တွင်ပင် လျှပ်စစ်မီး ပုံမှန်မရရှိဘဲ ဖြစ်နေ၍ အသေးစား စက်မှုလုပ်ငန်း များ၊ ရေခဲစက်လုပ်ငန်းများ အပြင် လျှပ်စစ်မီးနှင့် အဓိက လုပ်ကိုင်ရသည့် လုပ်ငန်းများမှာ ပုံမှန်လည်ပတ်ရန် ခက်ခဲနေပြီး ပြည်သူလူထုမှာလည်း လျှပ်စစ်မီး အခက်အခဲနှင့် ကြုံတွေ့နေသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့အခုက လျှပ်စစ်က အပြည့်အဝမရရှိတော့ဘူး။ အဲလိုဖြစ်နေတယ်။လျှပ်စစ်မီးက ပြတ်တောက် ပြတ်တောက်ဖြစ်နေတယ်။ အဲ့ဒါကြောင့်မလို့ ဒေသအနေနဲ့တော့ ထိခိုက်တာပေါ့လေ။ ဒီမှာ အသေးစား စက်မှု လုပ်ငန်းတွေ ရှိတယ်။ ရေခဲစက်တွေရှိတယ်။ နောက်ပြီးရေလုပ်ငန်းနဲ့ ပတ်သက်တာတွေရှိတယ်။ အများပြည်သူ သုံးစွဲနေတဲ့ လျှပ်စစ်မီးကလည်း ပြတ်တောက် ပြတ်တောက်ဆိုတော့ ဘယ်အချိန်ကို လျှပ်စစ်မီးပြတ်မှာလဲ မသိ ဘူး။ ဘယ်အချိန်ပြန်ပြီး လင်းမယ်ဆိုတာလည်း မသိဘူး။ ဆိုတော့ ဒီမှာလျှပ်စစ်နဲ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဌာန တွေမှာရော ပြည်သူလူထုတွေမှာရော ထိခိုက်မှုတော့ရှိတယ်ဗျ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ် လုပ်သည့် စက်ရုံ ၄ ခုရှိပြီး ဟောင်ကောင် V power ကုမ္ပဏီ၏ စက်ရုံ ၃ ခုနှင့် တရုတ်အစိုးရပိုင်လုပ်ငန်း Power China Resources နှင့် ပြည်တွင်းကုမ္ပဏီ Supreme Group တို့၏ လျှပ်စစ်ဓာတ်အားစက်ရုံ ၁ ရုံတို့ ဖြစ်ကြ သည်။

လက်ရှိတွင် V power ကုမ္ပဏီ၏ စက်ရုံများအားလုံးရပ်တန့်လိုက်ပြီဖြစ်သည့်အတွက် Power China စက်ရုံ တစ်ခုသာ လျှပ်စစ်ဓာတ်အား ဆက်လက်ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနေခြင်း ဖြစ်သည်။

ယခုရပ်တန့်သွားသည့် V power ကုမ္ပဏီ၏ စက်ရုံများကို ကျောက်ဖြူမြို့နယ်၏ အထင်ကရ တန်းခိုးကြီး သမိုင်း ဝင် ကံ့ကော်တောဘုရားအနီးတွင် ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...