ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ

ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ

စစ်ရေးတင်းမာနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးနဲ့ စကားပြန် မြန်မာအမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ KIA ရှေ့တန်း သတင်း အရင်း အမြစ်တွေက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဒဘတ်ယန်ရွာနဲ့ ဆမားရွာ လမ်းခွဲအထက် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

“အဲလမ်းက အခုသွားလို့မရဘူးလေ။ သိသိလျက်နဲ့ မောင်းချလာတာ ဘယ်ဘက်က ပစ်လိုက်တာလဲ ဆိုတော့ မသိဘူး။ အခုအဲဒီနေရာမှာက ရွှေမင်းအဖွဲ့နဲ့ ဒီဘက်ကလူတွေ စစ်ရေးတင်းမာနေတဲ့ အချိန်လေ” လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူ ၂ ဦးအနက် တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးက ခြေထောက်မှာ ကျည်ထိမှန်သွားပြီး စကားပြန် အမျိုးသမီးက လည်ပင်းနဲ့နားမှာ ကျည်ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဝိုင်းမော်မြို့ ပြည်သူ့ ဆေးရုံမှာ ဆေးကုမှုခံယူနေတယ်လို့ ဆိုကြပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းမကြီး တစ်လျှောက်မှာ ဇူလိုင်လ ၃ ရက်နေ့က စပြီး နမ်ဆန်ယန်ဘက်မှာ စစ်ရေး တင်းမာလာတဲ့ အတွက် ပြည်သူတွေ ဖြတ်သန်းသွား လာတာမျိုး မလုပ်ကြဖို့ KIA ဘက်က သတိပေး ထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နမ်ဆန်ယန်ရွာဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကား တစ်စီး ပစ်ခံရပြီး အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်မင်း ဆိုသူ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်နေ့ မနေ့က ဒေါ့ဖုန်းယန်နယ် နောင်းဂေါန်ရွာနားမှာ အထိုင်ချထားတဲ့ အမြောက်တပ် ၃၇၀ ကနေ ထွက်လာတဲ့ စစ်ကား ၂စီးကိုလည်း လွယ်ဂျယ်တောင်ခြေရင်းမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ အထူးတပ်ရင်း ၄၇ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်း အရင်းအမြစ်တွေ က ပြော ပါတယ်။

အဲ့ဒီ စစ်ကောင်စီ စစ်ကြောင်းက အင်အား ၇၀ ဝန်းကျင်ရှိပြီး မနေ့က နေ့လည် ၁၂ နာရီဝန်းကျင် အချိန်မှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကားပျက်စီးသွားကာ ထိခိုက် သေဆုံးသူတွေ များတာကြောင့် ကားနဲ့ ဆက်မထိုးနိုင် တော့ဘဲ ခြေလျင်စစ်ကြောင်းနဲ့ ဘန်ကောင်း ရွာဘက်ကို ထပ်မံဝင်ရောက်လာခဲ့ပါတယ်။

ဒီလို ဘန်ကောင်းရွာဘက်ကို ထပ်မံ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ဒုတိယ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာ ကြောင့် စစ်တပ်ဘက်က အထိနာပြီးဒ ဏ်ရာရရှိတဲ့သူတွေ အမြောက်အများနဲ့ ခလရ ၁၄၂ တပ်ရင်းထဲဝင်ရောက် သွားခဲ့တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်က KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့နားက နမ်ဆန်ယန်ရွာမှာ ခြေကုပ် တပ်စွဲနေထိုင်နိုင်ဖို့ အဖက် ဖက်ကနေ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်း တစ်လျှောက်က ရွာတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ မဒီယန်၊ ဂန်ဒေါင်ယန်၊ ဒဘတ်၊ ကဇူ စတဲ့ ရွာဘက်တွေမှာလည်း စစ်တပ်နဲ့ KIA တပ်တို့အကြား နေရာ ကွက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒါကြောင့် နမ်ဆန်ယန်ဘက်ကို စစ်အင်အား ဖြည့်တင်းဖို့ စစ်တပ်ဟာ အဖက်ဖက်ကနေ ထိုးစစ်ဆင်နေသလို ရှမ်းမြောက်ဘက်ကနေပါ စစ်အင်အားဖြည့်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Most read this week

November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...