မွန်ပြည်နယ်ရဲ့ ဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာတွေရှိနေ

မွန်ပြည်နယ်ရဲ့ ဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာတွေရှိနေ
ဓာတ်ပုံ-Moe Kyaw Thu
ဓာတ်ပုံ-Moe Kyaw Thu

မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်နယ်ရှိ မြို့ နယ်သုံးခုအတွင်းက ကျေးရွာတွေနဲ့ ကားလမ်းမတွေမှာ လုံခြုံရေးကင်းလှည့်တာတွေ ရှိလာတယ်လို့ မွန်ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင် ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့နဲ့ ညောင်ကုန်းကျေးရွာ အနီးတဝိုက် မုဒုံ-သံဖြူဇရပ် ကားလမ်းမတစ်လျှောက်မှာ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင် နေတာပါ။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ခေါဇာမြို့ဘက်ခြမ်းမှာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်း လှည့် လှုပ်ရှားနေတာတွေ ရှိခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အနင်းကျေးရွာနဲ့ ဝယ်ကလောင်းကျေးရွာအနီးတဝိုက်မှာ တပ် အင်အားချပြီး လုံခြုံရေးကင်းလှည့်နေတာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

မွန်ဒေသခံတစ်ဦးကတော့ မွန်ပြည်သစ်က အခုလိုဆောင်ရွက်ဖို့ တော်လှန်ရေး အင်အားစုတွေ အပြင် စစ် ကောင်စီနဲ့ပါ ညှိနှိုင်းခဲ့တဲ့ သဘောရှိပြီး ပြည်သူတွေ အသက်အိုးအိမ် မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်က လုပ် ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အပြည့်အဝ ၁၀၀ ရာခိုင်နှုန်းအထိ လုံခြုံရေးယူပေးနိုင်လားဆိုတာ ကျွန်တော့်အနေနဲ့ အပြည့်အဝပေးနိုင်မယ်လို့ မယုံကြည်ဘူး၊ ဒါပေမယ့်လည်း အထိုက်အလျောက်ပေါ့။ သူတို့ကလည်း (မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေ) တော်လှန် ရေးအင်အားစုဘက်ကရော၊ စကစဘက်ကရော ညှိနှိုင်းပြီးတော့ သူတို့ လုပ်ဆောင်သွားမယ့် သဘောတော့ ရှိ တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က လက်ရှိတော်လှန်ရေးလုပ်နေတဲ့ တပ်ဖွဲ့တွေကို စစ်ကောင်စီအစား သွား ရောက် ကာကွယ်ပေးတာ မဟုတ်ဘူးဗျ။ ကျွန်တော့်အမြင် သူတို့ပြည်သူတွေ နှစ်ဘက်စလုံးကြားမှာ တိုက်ပွဲ မဖြစ်ဖို့ အသက်အိုးအိမ် မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်ကို ပြည်သူတွေ ဖိတ်ခေါ်ချက်အရ သူတို့က ဝင်လာ တာဗျ” လို့ မွန်ဒေသခံက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ အမြဲ တစေဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသအတွင်း လုံခြုံရေး ကင်းလှည့်နေတဲ့ အပေါ် မွန်လူထုကြားဝေဖန်သံတွေ ထွက်ပေါ်နေတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးဆိုတဲ့ ရှုတ်ချမှုတွေကြောင့် နိုင်ငံရေး၊ စစ် ရေးသိက္ခာ အဖတ်ဆယ်တဲ့သဘောနဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာအရ လှုပ်ရှားမှုသာဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ဒေါက်တာသီရိမွန်ချမ်းက “အမှန်တကယ် မွန်ပြည်သစ်က ကာကွယ်ရေးလုံခြုံရေးယူချင်ရင် တိုက်ပွဲတွေ ခပ်စိပ် စိပ် ဖြစ်နေတဲ့ ရေးမြို့နယ်ဘက်မှာ လုံခြုံရေး၊ ကာကွယ်ရေးတာဝန်ယူရမှာပါ။ တိုက်ပွဲမဖြစ်ပွားတဲ့ဒေသ လက် နက်ကိုင် တိုက်ပွဲတွေ တော် လှန်ရေး တပ်ဖွဲ့တွေ လှုပ်ရှားမှုမရှိတဲ့ နယ်မြေဒေသမှာ လာရောက် လှည့်လည်နေတာ က မွန်ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘူး။ လုံခြုံရေး မပေးနိုင်ဘူးလို့ ဝေဖန်ရှုတ်ချမှုတွေကြောင့် နိုင်ငံ ရေးစစ်ရေး သိက္ခာ အဖတ်ဆယ်တဲ့သဘောနဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာတစ်ရပ်ရဲ့ လှုပ်ရှားမှုလောက်ပဲလို့ သုံးသပ်ရမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲမဖြစ်ဖို့အပြင် တော်လှန်ရေး အင်အားစုတွေနဲ့ လည်း စစ်ရေးပဋိပက္ခမဖြစ်အောင် အထူးထိန်းသိမ်းနေတာကြောင့် နှစ်ဖက်အဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့နိုင်တဲ့ နယ် မြေတွေကိုရှောင်ပြီး လုံခြုံရေး လှည့်လည်နေတာလို့ သူကထောက်ပြပါတယ်။

အခုလို မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေ မွန်ဒေသအတွင်း လုံခြုံရေးကင်းလှည့်နေတာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည်သစ်ပါတီဘက်ကို ဆက် သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမျိုး မရှိပါဘူး။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို တစ်ဖွဲ့ချင်းဖြစ်စေ၊ အခြားသော အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တို့နဲ့ ဖြစ်စေ ၆ ကြိမ်အထိ ဆွေးနွေးထားပါတယ်။

November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...