အင်အားဖြည့် စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ KIA က ကြားဖြတ်တိုက်ခိုက်

အင်အားဖြည့် စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ KIA က ကြားဖြတ်တိုက်ခိုက်

- ဝိုင်းမော်မြို့နယ် KIO ဌာနချုပ် လိုင်ဇာအနီးရှိ နမ်ဆန်ယန်ကျေးရွာအတွင်းနဲ့ ကျေးရွာအပြင် အဓိကကျတဲ့နေရာတချို့မှာ စစ်ကောင်စီတပ်တွေ တပ်စခန်းချနိုင်ဖို့ ကြိုးစားနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

- နမ်ဆန်ယန်-လိုင်ဇာကြားမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အခုတစ်ဖန် ပြန်လည်တိမ်းရှောင်နေရတဲ့ နမ်ဆန်ယန်ပြည်သူတွေ အချိန်ကြာ စစ်ရှောင်ရမှာကို စိုးရိမ်နေကြပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေမူဆယ်ကို ဦးတည်နေတဲ့ အင်အားဖြည့် စစ်ကောင်စီစစ်ကြောင်းတွေကို ဒီအပတ်အတွင်း ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ KIA က မကြာခဏ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

November 2, 2024
အာဏာသိမ်းမှုကြောင့် မတည်မငြိမ်နဲ့ အတက်ကြမ်းနေတဲ့ ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်ဖို့အတွက်...
November 2, 2024
- ကချင်အထူးဒေသ ၁ ရှိ နယ်ခြားစောင့်တပ်ရင်းကြီး ၃ ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဘက်က...
November 1, 2024
- ချင်းပြည် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန်...
October 31, 2024
- ထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေဝေပေးတာ နောက်ကျတာကြောင့်...