လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ နယ်စပ်က စစ်ရှောင် ငါးထောင်ကျော်ကို ထိုင်းက ယာယီခိုလှုံခွင့်ပေးထား

လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ နယ်စပ်က စစ်ရှောင် ငါးထောင်ကျော်ကို ထိုင်းက ယာယီခိုလှုံခွင့်ပေးထား

ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခံထားရတဲ့ ထိုင်း – ကရင်နီနယ်စပ်က စစ်ဘေး ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက သူတို့ပိုင်နက်ထဲ ယာယီခိုလှုံခွင့်ပြုထားပါတယ်။

“မနေ့က( ဇူလိုင်လ ၁၂ ရက်နေ့ ) ‌ဒေါနိုးကူးကနေ ဆင်းလာတဲ့ စစ်ရှောင်လူဦးရေကပေါ့နော်။ ဒေါနိုးကူးမှာက လူဦးရေက ၅၀၂၇ ဦးရှိတာလေနော်။ မနေ့ကပြောပြချက်အရက အကုန်လုံးနီးပါးက ပြေးလာကြပြီ ပြောတာ ပေါ့နော်။ ပြေးလာကြတယ် ကျမထင်တယ် တစ်ချို့ကတော့ ဒီသူတို့သတ်မှတ်ထားတဲ့ နေရာမှာပဲ နေကြတယ်။ တစ်ချို့က အမျိုးအိမ်မှာတွေပေါ့နော်” လို့ အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်အဖွဲ့ ‌(ကရင်နီ) က မော်သဲမာ က ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေဟာ လတ်တလော ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားပေးတဲ့ နေရာတွေမှာ နေထိုင်ကြရပြီး နေရာထိုင်ခင်းတွေအတွက် ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ်။

အဆိုပါ စစ်ဘေးရှာင်တွေအတွက် စားနပ်ရိက္ခာနဲ့၊ အမိုးအကာတွေလိုအပ်နေဆဲဖြစ်ပြီး နီးစပ်ရာ NGOs နဲ့ အမျိုး သမီး အဖွဲ့အစည်းတွေ အပြင် လူမှုအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးထားတယ်လို့ မော်သဲမာက ဆိုပါ တယ်။

“သူတို့ အဓိကလိုအပ်တာက စားနပ်ရိက္ခာပေါ့ စားနပ်ရိက္ခာရယ် ဟင်းတွေပေါ့နော်။ ဟို ရိက္ခာခြောက်တို့ ဟင်း ခြောက်တို့ပေါ့နော်။ ပြီးတော့ သောက်ရေသန့်ပေါ့နော်။ ပြီးတော့ အမိုးအကာတွေ လိုတယ်ပေါ့နော်။ သူတို့ပြေး လာတာဖိနပ်တောင်မပါဘူး။ ဟို..အဝတ်စားတောင်မှ တစ်ထည်ပဲ ပါလာတာ။ ဖိနပ်တို့ အဝတ်စားတွေတော့ လို တယ်” လို့ ပြောပါတယ်။

လေယာဉ် လာရောက်ဗုံးကြဲတဲ့ ညမှာပဲ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင် ကြရတာကြောင့် ဘာမှ မသယ်ယူ နိုင် ခဲ့ဘူးလို့ စစ်ဘေးရှောင်တစ်ယောက် က ပြောပါတယ်။

“ကြောက်တာပေါ့ ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူး။ လေဖြတ်တော့မလားလို့တောင် တွေးတယ်။ စိတ်ကို မာ မာထားရမယ်။ လူကိုဖျက်ဆီးလို့ မရဘူးဆိုတဲ့ စိတ်နဲ့ ထားပြီးပြေးရတယ်။ ပစ္စည်းတွေလည်း မနှမြောတတ်တော့ ဘူး။ စိတ်က လေယဥ်တွေလာတဲ့ အချိန်ဆို ဘာမှ မပြောတတ်တော့ဘူး။ ချမ်းသလိုလို ကိုယ်ဟာနဲ့ ကိုယ်တောင် ဘာမှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှ စေတနာ့ ဝန်ထမ်းတွေက လာရောက် ကူညီချက်ပြုတ်ကာ ထမင်းထုတ်ဝေပေးတဲ့ ပုံစံမျိုးနဲ့သာ စားသောက်နေကြရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ထိုင်းဖက်ရောက်လာတဲ့ စစ်ရှောင်တွေရဲ့ နေထိုင်ရေးဟာ ထိုင်းအစိုးရအပေါ် အများကြီး မူတည်နေပြီး ထိုင်း အစိုးရဖက်က ခွင့်ပြုချက်ရတဲ့ အချိန်ထိသာ ခိုလှုံခွင့်ရှိတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် မူလနေရာကို မပြန်ရဲကြသေးပဲ လုံခြုံရေးအရ ထိုင်း ဘက်က ခွင့်ပြုထားတဲ့ နေရာမှာသာ ယာယီတဲ ဆောက်လုပ်နေထိုင်ကြရတာ ဖြစ်ပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...